သင်္ကြန်တစ်တွင်းလုံးအောင်းပြီး ဇာတ်ကားတွေ တော်တော်များများကြည့်ဖြစ်ပေမယ့် အင်တာနက်နဲ့ဝေးတဲ့ နယ်မြို့လေးကို ပြန်ရောက်နေတာကြောင့် စာလည်း မရေးဖြစ်၊ မတင်ဖြစ်တာ ကြာပါပြီ။ တစ်ခါက ကျနော်ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲမှ ကျနော်ချစ်သော စက်ရုပ်များအကြောင်း စာတစ်ပုဒ် ရေးတင်ခဲ့ဖူးပါတယ်။ အဲ့ဒီမှာ Austin Powers ကားထဲက လူသတ်သမစက်ရုပ်လေးတွေအကြောင်းရေးရင်းနဲ့ Austin Powers ဇာတ်ကားတွေရဲ့ ဆရာကြီး Mike Myers အကြောင်းပြန်သတိရသွားတယ်။
ဒီဘဲကြီးက ကျနော့်ငယ်ဘဝကို ပြန်တွေးရင် အမြဲအမှတ်ရနေမယ့် အခန်းတစ်နေရာကပါ၀င်နေတယ်။ ဒါနဲ့ဘဲ ကျနော်ကြည့်ဖူးသမျှထဲမှာ မှ ကျနော်အကြိုက်ဆုံးဟာသ သရုပ်ဆောင်တွေနဲ့ သူတို့ရဲ့ ဇာတ်ကားများအကြောင်း တင်ဆက်ရေးသားပေးဖို့ စိတ်ကူးရလာတာပဲ။ ပထမဆုံး အလှည့်ကျတဲ့ ဟာသဆရာကြီးကတော့ Mike Myers ဘဲပေါ့။ သူက ကျနော်ကလေးဘဝမှာ စသတိထားမိတဲ့ ဟာသ သရုပ်ဆောင်အနည်းစုထဲက တစ်ယောက်။
Mike Myers ဟာ ကျနော်တို့ မြန်မာပြည်က ပရိတ်သတ်များနဲ့ မစိမ်းလှတဲ့ သရုပ်ဆောင်ပါ။ သူရဲ့ Austin Powers ဇာတ်ကားသုံးကားလုံးဟာ ကမ္ဘာမှာ ၀က်ဝက်ကွဲအောင်မြင်ခဲ့သလိုဘဲ ကျနော်တို့ဆီမှလည်း တသောသော အားပေးခဲ့ကြပါတယ်။ ဒါ့အပြင် နောက်ပိုင်း Sherk ဆိုတဲ့ အစိမ်းရောင်ဘီလူးကြီးပါတဲ့ကာတွန်းကား လေးကားလုံးမှာလည်း Mike က အသံသရုပ်ဆောင်ပေးထားတယ်။ ပြီးတော့ ၂၀၀၃ မှာ ရိုက်တဲ့ The Cat in the Hat မှာလည်း အသံသရုပ်ဆောင်ထားတယ်။
Mike Myers ဟာ ကျနော်တို့ မြန်မာပြည်က ပရိတ်သတ်များနဲ့ မစိမ်းလှတဲ့ သရုပ်ဆောင်ပါ။ သူရဲ့ Austin Powers ဇာတ်ကားသုံးကားလုံးဟာ ကမ္ဘာမှာ ၀က်ဝက်ကွဲအောင်မြင်ခဲ့သလိုဘဲ ကျနော်တို့ဆီမှလည်း တသောသော အားပေးခဲ့ကြပါတယ်။ ဒါ့အပြင် နောက်ပိုင်း Sherk ဆိုတဲ့ အစိမ်းရောင်ဘီလူးကြီးပါတဲ့ကာတွန်းကား လေးကားလုံးမှာလည်း Mike က အသံသရုပ်ဆောင်ပေးထားတယ်။ ပြီးတော့ ၂၀၀၃ မှာ ရိုက်တဲ့ The Cat in the Hat မှာလည်း အသံသရုပ်ဆောင်ထားတယ်။
Austin Powers ဇာတ်ကားသုံးကားလုံးဟာ Austin Powers ဆိုတဲ့ မဟာသူလျှိုကြီးနဲ့ Dr.Evil ဆိုတဲ့ ကမ္ဘာ့ထိပ်ခေါင်လူဆိုးကြီးတို့ကြားက ဉာဏ်ရည်ပြိုင်ပွဲဘဲဖြစ်ပါတယ်။ Austin Powers အဖြစ်ကော Dr.Evil အဖြစ်ကော Mike ကိုယ်တိုင် နှစ်ကိုယ်ခွဲပြီး သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ပထမဆုံး Austin Powers ကားကတော့ ၁၉၉၇ မှာ ပြသခဲ့တဲ့ Austin Powers: International Man of Mystery ဇာတ်ကားဘဲဖြစ်ပါတယ်။ ဒုတိယကားကတော့ ၁၉၉၉ မှာ ပြသခဲ့တဲ့ Austin Powers: The Spy Who Shagged Me ဖြစ်ပြီး နောက်ဆုံး AP ကားကတော့ ၂၀၀၂ မှာ ပြသခဲ့တဲ့ Austin Powers in Goldmember ဖြစ်ပါတယ်။
Mike ဟာ သရုပ်ဆောင်ပိုင်းတင်မဟုတ်ဘဲ ဟာသပညာမှာလည်း တော်တဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ကျနော်ပုံမှန်ကြည့်လေ့ရှိတဲ့ Comedy Central ဆိုတဲ့ Channel မှာ Saturday Night Live ဆိုတဲ့ အစီအစဉ်တစ်ခုရှိပါတယ်။ SNL ဟာ ဟာသပညာရှင်တွေကြားမှာတော့ သတ်ကွင်းတစ်ခုလိုပါဘဲ။ ထင်ပေါ်မှ စင်တော်ကကောက်ခံရတာဆိုသလို ဒိတ်ဒိတ်ကျဲ ဟာသပညာရှင်တွေ ပညာပြတဲ့နေရာဖြစ်ပါတယ်။ Mike ဟာ အဲ့ဒီအစီအစဉ်တွေမှာ ပရိသတ်တွေကို ပျော်တော်ဆက်ရုပ်တင်မက တခြား ရုပ်သံအစီအစဉ်တွေနဲ့ ကြည့်ချင်ပွဲတွေမှာပါ သရော်တော်တော်ပျော်တော်ဆက်နေဆဲဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ ဟာသပညာရှင်များ၊ လူရွှင်တော်များ၊ ဟာသသရုပ်ဆောင်များကို စစ်တမ်းကောက်ယူရွေးချယ်ပေးအပ်တဲ့ The Comedians' Comedian ဆုကို Mike Myers ဟာ ၂၀၀၅ ခုနှစ်မှာ ဆွတ်ခူးခဲ့ဖူးပါတယ်လို့။