Studio Ghibli လို့ ဆိုလိုက်ရင် ကာတွန်းချစ်ပရိတ်သတ်များသာမက ရံဖန်ရံခါမှ ကာတွန်းကားကြည့်မိသူ ရုပ်ရှင်ပရိတ်သတ်များကပါ ဂျပန်ပြည်ရဲ့ နံပါတ်တစ်၊ ကမ္ဘာ့ ကာတွန်းရုပ်ရှင်လောကအပေါ်မှာလည်း သြဇာကြီးတဲ့ ကာတွန်းစတူဒီယိုလို့ သိမှတ်ထားကြမှာသေချာပါတယ်။ တိုကျိုမြို့ အခြေစိုက်တဲ့ ဒီကာတွန်းစတူဒီယိုကြီးကို ၁၉၈၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကုမ္ပဏီရဲ့ အမှတ်တံဆိပ်အဖြစ် ၁၉၈၈ခုနှစ်မှာ သူတို့ ရိုက်ကူးထုတ်လုပ်ခဲ့ပြီး ပရိတ်သတ်များအရမ်းအားပေးခဲ့တဲ့ "အိမ်နီးနားချင်း တိုတိုရို (My Neighbor Totoro)" ဇာတ်ကားမှ ဇာတ်ကောင် Totoro ပုံကို အသုံးပြုထားပါတယ်။ ကမ္ဘာ့ Anime ပရိတ်သတ်များက Studio Ghibli ကို အာရှရဲ့ Disney ကုမ္ပဏီ၊ တည်ထောင်သူ ဒါရိုက်တာ မီယာဇာကီကို အာရှရဲ့ ဝေါ့လ်ဒစ်စနေ အဖြစ် တင်စားဂုဏ်ပြုကြပါတယ်။ ( ကျနော်ကတော့ မီယာဇာကီကို ဝေါ့လ်ဒစ်စနေးထက်ပိုကြိုက်ပါတယ်။ )
ဆယ်စုနှစ်သုံးခုကျော် သက်တမ်းရလာပြီဖြစ်တဲ့ စတူဒီယိုဟာ သူတို့ ထုတ်လုပ်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများနဲ့ ဆုတော်တော်များများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ "လိပ်ပြာလွင့်ခြင်း ( Spirited Away )" ဇာတ်ကားဆိုရင် ရွှေဝက်ဝံဆုကို ရရှိရုံသာမက အကောင်းဆုံး ကာတွန်းရုပ်ရှင်ဆု အော်စကာကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဆယ်စုနှစ်သုံးခုကျော် သက်တမ်းရလာပြီဖြစ်တဲ့ စတူဒီယိုဟာ သူတို့ ထုတ်လုပ်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများနဲ့ ဆုတော်တော်များများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ "လိပ်ပြာလွင့်ခြင်း ( Spirited Away )" ဇာတ်ကားဆိုရင် ရွှေဝက်ဝံဆုကို ရရှိရုံသာမက အကောင်းဆုံး ကာတွန်းရုပ်ရှင်ဆု အော်စကာကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
Ghibli ဆိုတဲ့စကားလုံးဟာ မူရင်း အာရပ်ဘာသာစကား sirocco ဖြစ်ပြီး Mediterranean Wind လို့ အဓိပ္ပါယ်ရပါတယ်။ ဒုတိယကမ္ဘာစစ်ကာလက အီတလီတွေဟာ သူတို့ရဲ့ ဆာဟာရဒေသ ကင်းထောက်လေယာဉ်တွေကို sirocco လို့ သုံးနှုန်းခဲ့ပါတယ်။ အာရပ်ဘာသာစကားမှာရော အီတလီမှာပါ သံပြင်း G သံနဲ့ ထွက်ပေမယ့် စတူဒီယိုရဲ့ နာမည်ကတော့ ဂျပန်သံသံပျော့ G သံ ( ji-bu-ri ) နဲ့ ထွက်ပါတယ်။
ဂျပန်ကာတွန်းရုပ်ရှင်လောကမှာ ပြုပြင်ပြောင်းလဲမှုများနှင့် အတူ သစ်လွင်လတ်ဆတ်သော လေလှိုင်း တိုက်ခတ်ပစ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ စတူဒီယိုတည်ထောင်သူများက ဒီနာမည်ကိုရွေးချယ် မှည့်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။
- စတူဒီယိုက ထုတ်သမျှကားတွေထဲမှာ ပထမဆုံး ၀င်ငွေအများဆုံးရတဲ့ကားကတော့ ၁၉၈၉ မှာ ထုတ်လုပ်တဲ့ "ကိကီလေးရဲ့ အိမ်အရောက်ပို့ဝန်ဆောင်မှု ( Ki Ki's Delivery Service )" ဇာတ်ကားဖြစ်ပြီး စတူဒီယိုက စတင်ထုတ်လုပ်ခဲ့ပြီး လေးနှစ်အကြာမှာမှ Box-Office စာရင်းမှာ မှတ်တမ်းဝင် ၀င်ငွေဒေါ်လာ ၁၈ သန်းကျော်ရရှိခဲ့တာပါ။
- စတူဒီယိုအနေနဲ့ ကွန်ပျူတာဂရပ်ဖစ်ကို အသုံးပြုပြီး ပထမဆုံးရိုက်ကူးခဲ့တဲ့ကားကတော့ ၁၉၉၂ မှာ ထုတ်ခဲ့တဲ့ " ခွေးတူဝံတူတို့ရဲ့ တိုက်ပွဲ (Pom Poko)" ဇာတ်ကားပဲဖြစ်ပါတယ်။
- စတူဒီယိုတည်ထောင်သူ ဒါရိုက်တာ မီယာဇာကီ ကွန်ပျူတာဂရပ်ဖစ်ကို ပထမဆုံးအသုံးပြုခဲ့တဲ့ကား၊ ဒစ်ဂျစ်တယ်အရောင်ဖြည့်နည်းကို ပထမဆုံးအသုံးပြုခဲ့တဲ့ကားကတော့ ၁၉၉၇ မှာ ထုတ်လုပ်ခဲ့တဲ့ "မင်းသမီးလေး မိုနိုကီကီ( Princess Monokeke) " ဖြစ်ပြီး တိုက်တန်းနစ်ဇာတ်ကားမထွက်မှီထိ အီးတီကားကိုကျော်ဖြတ်ကာ ဂျပန်ပြည်တွင်းမှာ ၀င်ငွေအများဆုံးရယူနိုင်ခဲ့ပါတယ်။
- ဇာတ်ကားအစမှ အဆုံး ဒစ်ဂျစ်တယ်နည်းပညာများကိုသာ အသုံးပြုခဲ့တဲ့ ပထမဆုံးဇာတ်ကားကတော့ ၁၉၉၉ မှာ ထုတ်လုပ်ခဲ့တဲ့ " ယာမာဒါ မိသားစု (My Neighbors the Yamadas)" ဆိုတဲ့ ဇာတ်ကားဘဲဖြစ်ပါတယ်။
- စတူဒီယိုရဲ့ ၀င်ငွေ အများဆုံးစံချိန်တင်ကားကတော့ ၂၀၀၂ မှာ ထုတ်လုပ်ခဲ့တဲ့ " လိပ်ပြာလွင့်ခြင်း( Spirited Away )" ဇာတ်ကားဖြစ်ပြီး ကမ္ဘာအနှံ့ပြသမှုကနေ ၀င်ငွေ ဒေါ်လာ ၂၇၅ သန်းလောက် ရရှိခဲ့ပါတယ်။ ဂျပန်ပြည်တွင်းမှာ ၀င်ငွေအကောင်းဆုံး ကာတွန်းရုပ်ရှင်အဖြစ် အခုချိန်ထိ ရပ်တည်နိုင်ခဲ့ပြီး အမေရိကန်ပြင်ပက ထုတ်လုပ်တဲ့ ကာတွန်းကားများထဲမှာ ပထမဆုံး အော်စကာဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ကိုယ်ပိုင်ပြတိုက်
Studio Ghibli ရဲ့ ထူးခြားချက်များ
သူတို့ ထုတ်လုပ်ခဲ့တဲ့ ဇာတ်ကားတော်တော်များများမှာ အဓိက ဇာတ်ဆောင်နေရာဟာ အသက်ငယ်ရွယ်တဲ့ ဆယ်ကျော်သက် မိန်းကလေးတွေအများစုဖြစ်တယ်။ စကားပြောတတ်တဲ့ ကြောင်တွေ၊ သဘောကောင်းပြီး ချစ်ဖို့ကောင်းတဲ့ အဖွားကြီးတွေ၊ လေကြောင်းသိပ္ပံ၊ မီးရထားတွေနဲ့ အခြားစိတ်ကူးယဉ်ဆန်တဲ့ သိပ္ပံပညာတွေ၊ ဂျပန့်ရိုးရာအစဉ်အလာ နဲ့ ယဉ်ကျေးမှုတွေ၊ လူ့အဖွဲ့အစည်းအပေါ်မြင်တဲ့ ဂျပန်တို့ ရဲ့ တမူထူးခြားတဲ့ အမြင်တွေ၊ ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲနိုင်တဲ့ ဇာတ်ကောင်တွေ၊ ငှက်အုပ်တွေ၊ ငှက်နဲ့ တူတဲ့အကောင်တွေ၊ အမြဲလိုလို အထင်လွဲခံရတဲ့ နေရာမှာ ရှိတတ်တဲ့ ယောက်ျားဇာတ်ဆောင်တွေ၊ လျို့ဝှက်နေရာတွေနဲ့ စိတ်ကူးယဉ်ဆန်တဲ့ သဘာဝဝန်းကျင်တွေဟာ စတူဒီယိုက ထုတ်လုပ်ခဲ့တဲ့ ဇာတ်ကားတွေရဲ့ တမူထူးခြားတဲ့ ၀ိသေသများဖြစ်ပါတယ်။
နောက်သိသင့်တဲ့ အချက်တစ်ချက်ကတော့ Studio Ghibli ရဲ့ ပထမဆုံး ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ ၁၉၈၄ ထုတ် ဇာတ်ကား " လေရူးတောင်ကြားမှ နော်ဆီကာ( Nausicaa of the Valley of Wind )" ဟာ Studio Ghibli ရဲ့ ဇာတ်ကားမဟုတ်ပါဘူး။ ဒီလိုဖတ်လိုက်ရလို့ အံသြမသွားပါနဲ့။ ဒီဇာတ်ကားကို ကိုယ်တိုက်ရေးညွှန်းရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ မီယာဇာကီ Studio Ghibli ကို စတင်တည်ထောင်သူဖြစ်ပေမယ့် ဒီဇာတ်ကားဟာ Studio Ghibli ရယ်လို့ စတင်မတည်ထောင်မှီ တစ်နှစ်စောပြီး ထွက်ရှိခဲ့တာမို့ပါ။
နောက် သိသင့်တဲ့ အချက်တစ်ချက်ကတော့ Studio Ghibli ဟာ သူတို့ ရိုက်ကူးထုတ်လုပ်တဲ့ ဇာတ်ကားများကို ကမ္ဘာအနှံ့ ဖြန့်ချိရာမှာ ဒေသမှုပြုခြင်း၊ တည်းဖြတ်ခြင်းတို့ကို ခွင့်မပြုတာပါ။ ၁၉၉၇ မှာ ထုတ်လုပ်ခဲ့တဲ့ "မင်းသမီးလေး မိုနိုကီကီ( Princess Monokeke) " ဇာတ်ကားကို ကမ္ဘာကို ဖြန့်ချိပြသချိန်မှာ အမေရိကားက ဖြန့်ချိရေးကုမ္ပဏီ Miramax ဟာ ဂျပန်ကာတွန်းကားကို အမေရိကန်မှာ စျေးကွက်ဝင်လူကြိုက်များစေဖို့ သူတို့ စံနဲ့ သူတို့ တည်းဖြတ်ချင်ခဲ့တယ်။ ဒါကို Studio Ghibli ကတုံ့ပြန်ပုံကတော့ လှတယ်။ တည်းဖြတ်ခြင်းမပြုပါနှင့်ဆိုတဲ့ တိုတိုတုပ်တုပ်စာတစ်စောင်နဲ့ ဂျပန်ကင်တာနား ဓါးတစ်လက်ကို ပို့ပေးလိုက်တယ်။
ဇာတ်ကားအညွှန်းများ
ဒီ Blog မှာ ကျနော်ညွှန်းပေးခဲ့ဖူးတဲ့ ဇာတ်ကားအညွှန်းကို ဖတ်ချင်ရင်တော့
မှာ သွားဖတ်နိုင်ပါတယ်။ နောက်နောင်လည်း Studio Ghibli မှ ထွက်ရှိထားသော ဇာတ်ကားများကို အညွှန်းရေးပေးပါဦးမယ်။ Studio Ghibli ဇာတ်ကားတွေဟာ စျေးကွက်မှာ နည်းနည်းရှားပါတယ်။ ရှာဝယ်ကြည့်လို့ အစုံမရရင် ကြည့်ချင်တဲ့ ဇာတ်ကားနာမည်ပြောပြီး ဆက်သွယ်ရမယ့် လိပ်စာနဲ့အတူ ကျနော့်ဆီ Message ပို့ပေးထားပါ။
0 comments:
Post a Comment