ဇာတ်လမ်းကတော့ အငြိမ်းစားယူထားတဲ့ ပရော်ဖက်ရှင်နယ်သူခိုးကြီးတစ်ယောက်နဲ့ စက်ရုပ်တစ်ရုပ်အကြားက သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးအကြောင်းပါ။ သူခိုးဟောင်းကြီးနာမည်က ဖရန့်။ သူက နယူးယောက် upstate မှာ တစ်ယောက်ထဲ အထီးကျန်နေထိုင်နေပြီး တဖြည်းဖြည်းယိုယွင်းပျက်စီးလာတဲ့ မှတ်ဉာဏ်နဲ့အတူ သူငယ်ပြန်စပြုနေတဲ့ အဖိုးကြီးဖြစ်တယ်။
သူ့သား ဟံသာဟာ သူ့မိသားစုဘဝ၊ သူ့အလုပ်နဲ့သူရှုပ်နေပေတဲ့ တစ်ကိုယ်တည်းအဖေကြီးကို တစ်ပါတ်တစ်ခါလာတွေ့လေ့ရှိတယ်။ သူ့အဖေကို အမြဲမပြတ် သူကိုယ်တိုင်စောင့်ရှောက်ချင်ပေမယ့် မစောင့်ရှောက်နိုင်တဲ့အတွက် ဟံသာဟာ သူ့အဖေအတွက် နေ့စဉ်ပုံမှန် လုပ်ငန်းဆောင်တာကို ချမှတ်ပေးနိုင်တဲ့၊ သူ့အဖေရဲ့ ကျန်းမာရေးတိုးတက်ကောင်းမွန်လာအောင် ပြုစုစောင့်ရှောက်ပေးဖို့အတွက် ပရိုဂရမ်ရေးဆွဲထားတဲ့ အဖော်မွန်စက်ရုပ်တစ်ရုပ်ကို ၀ယ်ပြီးလက်ဆောင်ပေးလိုက်တယ်။
ဒါပေတဲ့ အဲ့ဒီစက်ရုပ်မှာ ဥပဒေအရ တရားဝင်ခြင်းမဝင်ခြင်း၊ အပြစ်ဖြစ်ခြင်းမဖြစ်ခြင်းစသ၍ ဥပေဒေနဲ့ ပတ်သက်သမျှ ပရိုဂရမ်ထည့်သွင်းထားခြင်းမရှိတာကို ဖရန့်သတိထားမိသွားတဲ့အချိန်မှာတော့ ဖရန့်ဟာ သူ့အဖော်စက်ရုပ်ကို သူ့ရဲ့ ၀ါသနာဗီဇအာသီသဖြစ်တဲ့ ဖောက်ထွင်းခိုးယူခြင်းမှာ ပါတနာအဖြစ်အသုံးချနိုင်ဖို့ သင်ကြားလေ့ကျင့်ပေးတော့တယ်။
ဖရန့်ရဲ့သမီး မက်ဒီဆင်ဟာ စက်ရုပ်ဆန့်ကျင်ရေးပရဟိတလုပ်ငန်းတွေအတွက် တာ့ခ်မင်နစ္စတန်ကို ခရီးထွက်နေရာကနေ ဖရန့်နဲ့စက်ရုပ်အကြောင်းကို ကြားတာနဲ့ သူ့အဖေဆီကို အမြန်ပြန်လာခဲ့တယ်။ ဖရန့်က စက်ရုပ်ရဲ့ရှိနေမှုအတွက် အနှောင့်အယှက်မဖြစ်တော့တဲ့အပြင် စက်ရုပ်နဲ့နေသားကျနေပြီ။ ဖရန့်နဲ့စက်ရုပ်ဟာ နောက်ဆုံးခိုးခြင်းအနေနဲ့ စာကြည့်တိုက်ပြုပြင်ပြောင်းလည်းရေးကို ဦးဆောင်လုပ်ကိုင်နေတဲ့ ဂျိတ်ဆီကနေ အဖိုးတန်ကျောက်မျက်ရတနာတွေ ခိုးယူမလို့ပြင်ဆင်နေကြတယ်။ ရဲတွေပါ ဒီရတနာပျောက်မှုမှာ ပါ၀င်လာတဲ့အခါမှာတော့ ဖရန့်ဟာ တစ်ခုတည်းကျန်ရှိတဲ့ သက်သေအထောက်အထားဖြစ်တဲ့ စက်ရုပ်ရဲ့ မှတ်ဉာဏ်ကို ဖြတ်ပစ်မှဘဲ အမှုကလွတ်နိုင်တော့မှာဖြစ်တယ်။
ဖရန့် စာကြည့်တိုက်ကို ပြန်ရောက်သွားချိန်မှာတော့ စာကြည့်တိုက်မုှုးဟာ သူနဲ့ ကွာရှင်းခဲ့တဲ့ သူ့ချစ်မိန်းမဟောင်းဖြစ်နေတာကို သူပြန်သတိရသွားတယ်။ သူဟာ အတိတ်မေ့နေခဲ့တာ။ သူအိမ်ကိုပြန်လာတဲ့အချိန်မှာတော့ စက်ရုပ်က သူဟာ ငါသူတစ်ပါးယောက်ျားမိန်းမပုဂ္ဂိုလ်မဟုတ်။ သူရဲ့တည်ရှိနေရခြင်း အကြောင်းကလည်း ဖရန့်ကို ကူညီပေးရန်သာဖြစ်ကြောင်းဖြောင်းဖျပြီး သူ့ဟိုလိုဂရပ်ဖစ်မှတ်ဉာဏ်ကို ဖျက်ဆီးပစ်ဖို့ ဖရန့်ကို တိုက်တွန်းတယ်။
ပျောက်ဆုံးသွားတဲ့ ရတနာတွေကို ဘယ်မှာမှ ရှာဖွေမတွေ့ရှိခဲ့ပါဘူး။ ဖရန့် သူ့ရဲ့ စိတ်ရောဂါကို ကုစားဖို့အတွက် စိတ်ကျန်းမာရေးဆေးရုံကို ပို့လိုက်ပါတယ်။ စက်ရုပ်ကလေးပျိုးထောင်ခဲ့တဲ့ ခရမ်းချဉ်သီးပင်တွေရဲ့ အောက်မှာတော့…………………………..။ ။
ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်မှာဘဲ သူ့အတတ်ပညာ၊ သူ့အနုပညာကို ပြသနိုင်ခဲ့တဲ့အတွက် Schreier ဟာ ချီးကျူးခြင်းတော်တော်ခံလိုက်ရပါတယ်။ ဒီလိုဘဲ ဖရန့်နေရာမှာသရုပ်ဆောင်တဲ့ မင်းသားကြီး Frank Langella ဟာလည်း သူ့ရဲ့ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ခြောက်ပစ်သဲလှဲကင်းစင်တဲ့ အနုသရုပ်ဆောင်အဖြစ် သမုတ်ခံလိုက်ရပါပြီ။ ၂၀၁၂ မှာကတည်းက ထွက်တာဆိုပေတဲ့ Official Release အရ ၂၀၁၃ ထဲစာရင်းဝင်သွားတဲ့ ဒီဇာတ်ကားဟာ လောလောဆယ်မှာတော့ ၂၀၁၂ Sundance ရုပ်ရှင်ပွဲတော်ကြီးမှာ Alfred.P.Solan ဆုကို ဆွတ်ခူးရရှိခဲ့ပြီးဖြစ်ပါတယ်။
0 comments:
Post a Comment