ရုပ်ရှင်ချစ်သူများခင်ဗျာ။ လာမယ့် ဖေဖော်ဝါရီ ၂၃ မှာ ကျင်းပမယ့် အော်စကာဆုပေးပွဲအတွက် ဆန်ကာတင်စာရင်းကတော့ ထွက်ရှိလို့လာပါပြီ။ ပရိသတ်များနဲ့ အကြိုက်တူမတူ၊ ထွေရာလေးပါးပြောကြည့်ရအောင်ဗျာ။ (ဆန်ကာတင်စာရင်းကို ဒီမှာ
ကြည့်။) နာမည်ကျော်နေတဲ့ Lincoln ကတော့ ဆန်ကာတင် ၁၂ ဆုတောင်ပါ၀င်နေပြီး အကောင်းဆုံးဇာတ်ကားဆုရဖို့ တစ်ပြေးနေပါတယ်။ ဒါရိုက်တာဆုအတွက်တစ်ပြေးနေတာကတော့ စတီဗင်စပီးလ်ဘတ်ပေါ့။ ဒန်နီရယ်ဒေးလူးဝစ်က တော့ အကောင်းဆုံးမင်းသားဆုအတွက် တစ်ပြေးနေပါတယ်။ ဆန်ကာတင်စာရင်းဝင်ဇာတ်ကားတွေကို ကြည့်ရသမျှတော့ အကောင်းဆုံးဆိုတဲ့ ရွေးချယ်မှုဟာ အလုပ်နဲ့ ( ၀ါ ) အနုပညာနဲ့ မသက်ဆိုင်ပဲ ရွေးချယ်သူများရဲ့ စိတ်ပေါ်မှာသာ မူတည်နေတယ်လို့ ခံစားမိစေပါတယ်။ Lincoln နဲ့ Les Miserables ကို ကျနော် ခွေဝယ်လာပြီး ခုထိမကြည့်ဖြစ်သေးပါဘူး။ ကြည့်ဖြစ်အောင် ကြည့်ဖို့ ကိုယ့်ကိုကိုယ်တိုက်တွန်းမိတာလည်း သုံးပါတ်လောက်ရှိသွားပြီ။ နည်းနည်းလောက်ကြည့်ပြီးမှ ဆက်ဖို့ စိတ်ကို မပါတာဗျာ။ Django Unchained၊ Silver Linings Playbook နဲ့ Zero Dark Thirty တို့လို တမူထူးတဲ့ ဆွဲဆောင်မှုရှိတဲ့ ( ကျနော်အကြိုက်တွေ့မိတဲ့ :) ) ဇာတ်ကားတွေကတော့ အကောင်းဆုံးဇာတ်ကားဆုအတွက် ဆုရွေးချယ်သူတွေ အကြိုက်တွေ့နေတဲ့ Lincoln ကို ကန်ချဖို့အခွင့်အရေးမရဖြစ်နေသလိုပဲ။ ဒါနဲ့ စိတ်က ခပ်တင်းတင်းရှိလှတာနဲ့ online ပေါ်တက်ပြီး ဆန်ကာတင်စာရင်းဝင်ကားတွေအကြောင်း ရှာဖွေလေ့လာကြည့်တဲ့အခါ မပြောမပြီး မတီးမမြည်ဆိုသလို ပြောစရာလေးတွေက ပေါ်လာတယ်။
၁- Argo လိုဇာတ်ကားမျိုးကို ရိုက်တဲ့ ဒါရိုက်တာ ဆန်ကာတင်မှာ မပါ၀င်ဘူး။
( ကျနော်ထင်တဲ့ ဆုရွေးချယ်သူတွေရဲ့အကြောင်းပြချက်- ဘာလို့လည်းဆိုတော့ Ben Affleck ရိုက်တာမို့လို့ပေါ့တဲ့ :P ။ သွားဘာမှလာမပြောနဲ့ ဟွန့်)
၂- Zero Dark Thirty လိုကားမျိုးကို ရိုက်တဲ့ ဒါရိုက်တာ ဆန်ကာတင်မှာ မပါတာ အံ့စရာ။
( ကျနော်ထင်တဲ့ ဆုရွေးချယ်သူတွေရဲ့အကြောင်းပြချက်- အို..အေ… Kathryn Bigelow က မိန်းမကြီးမို့ပေါ့။ )
၃- Django လိုကားမျိုးရိုက်ပြတဲ့ ဒါရိုက်တာ ဆန်ကာတင်မှာ မပါ။
( ကျနော်ထင်တဲ့ ဆုရွေးချယ်သူတွေရဲ့အကြောင်းပြချက်- ဒါကတော့ တမင်သက်သက်ကို Quentin Tarantino ကို နှိပ်ကွပ်တာကွာ။ ကဲ..ဘာဖြစ်သေးလည်း။ ဒါပေတဲ့ တို့ ဇာတ်ကားဆန်ကာတင်တော့ ရွေးပေးပါတယ်။ )
၄- Beasts of the Southern Wild, Amour, Life of Pi တို့လို ရွေးချယ်သူစိတ်ကြိုက်တွေ ဇာတ်ကားဆန်ကာတင်မှာပါလာတယ်။
(ကျနော်ထင်တဲ့ ဆုရွေးချယ်သူတွေရဲ့အကြောင်းပြချက်- ဒါကတော့အေ.. ညည်းတို့ဗမာပြည်မှာလည်း ငရဲသားတို့၊ တိုက်ပွဲခေါ်သံတို့၊ သူ့ကျွန်မခံပြီတို့ရွေးသေးတာပဲ။ )
၅- သမရိုးကျ အားထုတ်မှုမရှိလှတဲ့ သရုပ်ဆောင်မှုမျိုးကြီးနဲ့ Les Miserables က Hugh Jackman မင်းသားဆန်ကာတင်မှာပါလာတယ်။
( ကျနော်ထင်တဲ့ ဆုရွေးချယ်သူတွေရဲ့အကြောင်းပြချက်- အို ဒါကတော့ မမ Emma Stone( Host of Oscar ) အကြိုက်ကိုးအေ့။ ဇာတ်လမ်းမကောင်းလည်းကိစ္စမရှိ၊ သရုပ်ဆောင်မကောင်းလည်း ကိစ္စမရှိ )
၆- ကဲ။ ဒါမှ ငြင်းချင်သေးရင် Argo ကားထဲမှာ လုပ်ကွက်လည်း သိပ်မရှိလှ၊ ပါတဲ့အခန်းကလည်းနည်း၊ စကားနည်းနည်းပါးပါးပဲ ပြောရတဲ့ Alan Arkin က ဘာလို့ ဇာတ်ပို့ထီး ဆန်ကာတင်မှာ ပါရတာလည်း။
၇- Django Unchained ကားကဆန်ကာတင်ဝင်တဲ့ ဇာတ်ပို့ထီးက ဘာလို့ Leonardo DiCaprio မဟုတ်ဘဲ Christoph Waltz ဖြစ်နေရတာလည်း။
၈- Moonrise Kingdom လိုချစ်ဖို့ကောင်းတဲ့ ဇာတ်ကားမျိုးက ဘာလို့ Original Screenplay ကလွဲလို့ ကျန်တာ ဆန်ကာတင်မပါရတာလည်း။
၉- Naomi Watts ကို ကျနော်ကြိုက်ပါတယ်။ သူ့ကားတိုင်းလည်းကြည့်တာပဲ။ ဒါပေတဲ့ The Impossible လို ကားမှာ တချိန်လုံး ရှုတင်မိတ်ကပ်အလန်းစားနဲ့ ကုတင်ပေါ်လှဲနေယုံကလွဲလို့ ( ကျနော်ကတော့ The Impossible ဟာ Lucas ဆိုတဲ့ ဇာတ်ကောင်လေးကို တင်တာပဲလို့ မြင်တယ် ) ဘာမှ သိပ်မထူးခြားလှတဲ့သူက မင်းသမီးဆန်ကာတင်မှာပါတာကိုတော့ ဘဝင်မကျဘူး။ ဖြစ်သင့်တာက Hitchcock ကားက Helen Mirren လိုမျိုးမင်းသမီးကမှ ပါသင့်တယ်လို့ ယူဆမိတယ်။
အချုပ်အားဖြင့် ဆန်ကာတင်စာရင်းကို ကြည့်ပြီး ကျနော်ကောက်ချက်ချမိတာကတော့ သင်ဟာ ဆန်ကာတင်စာရင်းမှာ ပါ၀င်ဖို့အတွက် အနုပညာအားဖြင့် ကောင်းရန်မလို၊ အရင့်အရင်နှစ်များက ဆန်ကာတင်စာရင်းမှာသာ ပါ၀င်ရန်လိုသည် ဆိုတာပါပဲ ခင်ဗျာ။

0 comments:
Post a Comment