Popcorn ရဲ့ မိတ်ဆွေ။
ခင်ဗျားတို့ အကြိုက်ဆုံး ဇာတ်ကား ၁၀၀ ကို စာရင်းပြုကြည့်ရင် The Great Dictator ဟာ မပါမဖြစ်ပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ချာလီချက်ပလင်ဟာ ကျနော့်ရဲ့ Ideal Person ပါ…:P ။ ဟာသပညာဟာ အင်မတန်ခက်ခဲတဲ့ ပညာဖြစ်ပါတယ်။ ချာလီဟာ ဟာသပညာကို ဖျော်ဖြေမှုသက်သက်၊ ပိုက်ဆံရှာဖို့သက်သက်ထက် ပိုပြီး အသုံးချနိုင်ခဲ့တဲ့သူပါ။ သူနေထိုင်တဲ့ ကမ္ဘာမြေကို အဖိုးတန်တဲ့ တစ်စုံတစ်ရာ ပေးဆပ်ခဲ့တဲ့သူပါ။ ချာလီ့ရုပ်ရှင်တိုင်းမှာ message တစ်ခုမဟုတ်တစ်ခုပါလေ့ရှိတယ်။ တစ်ခါတစ်လေ လူသားတစ်ယောက်ရဲ့ အဆုံးစွန်သော အထီးကျန်မှုအကြောင်း၊ တစ်ခါတစ်လေ လောဘတရားအကြောင်း၊ တစ်ခါတစ်လေ တန်ခိုးပါ၀ါအကြောင်း၊ ကဲ အခု Popcorn က တင်ဆက်ပေးမယ့် The Great Dictator ကားကတော့ နိုင်ငံရေးပေါ့ခင်ဗျာ။
ဇာတ်လမ်းကတော့ အာဏာရှင်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်အုပ်ချုပ်မှုအောက်က ဂျူးလူမှုအသို်င်းအဝိုင်းတစ်ခုရဲ့ အကျပ်အတည်းတွေ၊ ရုန်းကန်ရင်ဆိုင်ရမှုတွေကို ဖော်ပြထားတာပါ။ ဇာတ်ကားကို ကြည့်ပြီး ဒါဟာ နာဇီတွေပဲ။ ဟစ်တလာအကြောင်းပဲလို့ လူတိုင်းလိုလိုထင်ကြမှာပါ။ ထင်လည်းထင်ချင်စရာကိုး။ ဒါပေတဲ့ ဇာတ်ကားထဲမှာ ချာလီဆင်ထားတဲ့ အစိုးရက Tomania တဲ့။ အာဏာရှင်ခေါင်းဆောင်ကြီးနာမည်က Adenoid Hynkel ( ချာလီသရုပ်ဆောင်) တဲ့။ Adolf Hitler နဲ့ ဆင်တူယိုးမှားပဲနော်။ အာဏာရှင်လက်အောက်မှာ သူ့ဆံသဆိုင်လေးကို ဆက်လက်ရပ်တည်နိုင်ဖို့ ကြိုးစားတဲ့ ဂျူးဆံပင်ညှပ်ဆရာလေးရဲ့ အကြောင်းပေါ့။ ( ဒီဇာတ်ကောင်နေရာမှာလည်း ချာလီပဲ။ )
ဒီဇာတ်ကားကပေးတဲ့ message တွေကြောင့်ပဲ ကမ္ဘာတစ်ဝန်းက အစိုးရတွေ၊ အထူးသဖြင့် အမေရိကန်အစိုးရနဲ့ ချာလီဟာ ပြဿနာတွေ အပုံအပင်တက်တော့တာပဲ။ အစိုးရတွေက နိုင်ငံရေးကို ဘယ်လိုအသုံးချပြီး လူထုကို လှည့်စားနေသလည်းဆိုတာ ထဲထဲဝင်ဝင်လှောင်ပြောင်လိုက်တာကိုး။ ဟုတ်မဟုတ်တော့ မသိဘူး။ ကြားဖူးတာကတော့ ဟစ်တလာက ချာလီကို တွေ့ရာသချင်္ ိုင်း ဓါးမဆိုင်းအမိန့်ထုတ်ခဲ့သေးတယ်တဲ့။ ဂျူးဆံသဆရာဟာ အာဏာရှင်ကြီးနဲ့ အင်မတန်ရုပ်ချင်းဆင်တူလို့ အာဏာရှင်ကြီးနေရာ အစားဝင်ရတဲ့အခါ ငြိမ်းချမ်းရေးအတွက် အားထုတ်ပါတော့တယ်။ ရုပ်ရှင်သမားတစ်ယောက်ပြောတဲ့ နိုင်ငံရေးမိန့်ခွန်းကို ကြားဖူးပါရဲ့လား။ ချာလီဟာ သူ့အမြင်၊ သူပြောချင်သမျှကို ဇာတ်ကားထဲကနေ မိန့်ခွန်းအဖြစ် ပြောခဲ့ပါပြီ။ စစ်ရဲ့ ကြောက်မက်ဖွယ်ရာတွေ၊ လောဘနဲ့ ဒေါသကို လျော့လိုက်ရင် ဘဝဟာ သာယာလှပမှုအတိနဲ့ ပြည့်စုံလာမယ့်အကြောင်း။
( အဲ့ဒီ မိန့်ခွန်းအပြည့်အစုံကို မြန်မာလိုဖတ်ချင်ရင်ဖြင့် ခေါင်းစဉ်မဲ့စာမျက်နှာများ မှာ ဖတ်နိုင်ပါတယ်။ )

လူသားတိုင်း လောဘ၊ဒေါသနဲ့ ကင်းရဲ့လား။ ကျနော်တို့
ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ရအောင်။ ကျနော်တို့ တစ်နေ့တစ်နေ့ လောဘ၊ဒေါသနဲ့ ကင်းစင်၍
နေထိုင်ဖူးရဲ့လား။ ၁၉၄၀ မှာ ဒီဇာတ်ကားကို ချာလီရိုက်ခဲ့တယ်။ လူတွေအတွက်
ပြောင်မြောက်လှပတဲ့ မိန့်ခွန်းချွေခဲ့တယ်။ ဒါပေတဲ့ လူတွေကတော့
ပြောင်းလည်းမလာပါဘူး။ သိပ်မကြာခင်မှာပဲ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တယ်။
လူတွေအများကြီးသေကြ၊ ကြေကြ၊ ပျက်စီးဆုံးရှုံးကြ။ ပိုပြီး ၀မ်းနည်းစရာကောင်းတာက
တန်ခိုးအာဏာကို ပိုပြီး ငမ်းငမ်းတက် လောဘတက်လာကြ။ လောဘတရားတွေ ပို၍ ကြီးထွားလာကြ။
( Popcorn ဘယ်ဖက် sidebar မှာ Join This Site ကို နှိပ်ပြီး Member ၀င်နိုင်ပါတယ်။ )
![]() |
Note
0 comments:
Post a Comment