၁။ ပထမဆုံးမှတ်ဉာဏ်ထဲမှာ စပြီးမှတ်မိတဲ့ စက်ရုပ်ကတော့ 1977 ကထွက်ရှိခဲ့တဲ့ Star Wars ကားထဲက စက်ရုပ်နှစ်ရုပ်ပဲဖြစ်ပါတယ်။ သူတို့ရဲ့သခင်တွေကို အင်မတန်သစ္စာရှိလှတဲ့၊ သူတို့သခင်တွေနဲ့ ကွဲကွာခဲ့ရတဲ့ ဒီစက်ရုပ်နှစ်ရုပ်ကိုတော့ Star Wars ကြည့်ဖူးတဲ့ ပရိသတ်တိုင်း အမှတ်ရနေမှာပါ။ သူတို့ကတော့ R2-D2 နဲ့ C-3PO တို့ပဲဖြစ်ပါတယ်။
၂။ နောက် စက်ရုပ်ရဲ။ ကလေးဘဝက အသေကြိုက်တဲ့ ဇာတ်ကားပေါ့ဗျာ။ Detroit က နယ်မြေရဲတစ်ယောက် မတော်တဆမှုနဲ့ သေသွားတဲ့အခါမှာ သူ့ကို မှုခင်းစုံထောက်နှိမ်နှင်းရေး စက်ရုပ်အဖြစ် ပြန်လည်တီထွင် အသက်သွင်းလိုက်တဲ့အကြောင်းပေါ့။၁၉၈၇ မှာ ထွက်တဲ့ကား။
၃။ အရည်ပျော် သံမဏိစက်ရုပ်ကားတွေနဲ့ အာနိုးကြီးကို အသေကြွေနေတဲ့အချိန် ၁၉၉၀ တုန်းက ထွက်ခဲ့တဲ့ Total Recall ကားထဲက စက်ရုပ်တွေကို သဘောကျမိသေးတယ်။ အဲ့ဒီကားထဲမှာ တက္ကစီဒါရိုင်ဘာတွေနေရာမှာ လူတွေက ကားမမောင်းဘဲ Johnny Cabs ဆိုတဲ့ စက်ရုပ်တွေကမောင်းတာ။ အာနိုးကြီးက စိတ်မရှည်လို့ တစ်ကောင်ကို ဖျက်ပစ်လိုက်သေးတယ်။
၅။ ၂၀၀၄ မှာထွက်တဲ့ ကျနော့်အသည်းကျော်လူမည်းမင်းသား Will Smith ရဲ့ကား။ Will Smith က စက်ရုပ်တွေကို မုန်းတီးတဲ့ စုံထောက်။ သူ့ရဲ့ တီထွင်သူကို သတ်တဲ့အမှုနဲ့ စက်ရုပ်တစ်ရုပ်ကို စုံစမ်းရတဲ့ ဇာတ်လမ်း။
၆။ ၂၀၀၇ မှာထွက်လာတဲ့ Transformer ကားကလည်း ကားတွေ၊ တခြားယာဉ်တွေအဖြစ်ပြောင်းလည်းနိုင်တဲ့ ဂြိုဟ်သားစက်ရုပ်တွေအကြောင်း ရိုက်ထားတာ အင်မတန်မိုက်ကိုး။ Autobot လူကောင်းစက်ရုပ်တွေနဲ့ လူဆိုး Decepticon တွေ တိုက်ကြတာ။
၇။ ၂၀၀၈ ခုနှစ်၊ Disney အောက်ကနေ ကျနော့်အသည်းကျော် Pixar ကထုတ်တဲ့ ကာတွန်းကားထဲက စက်ရုပ်လေးတွေ။ ပါသမျှ စက်ရုပ်တွေအကုန်သဘောကျပါရဲ့။ သဘောအကျဆုံးကတော့ အမှိုက်ကျုံးစက်ရုပ်လေး Wall-E ပေါ့ဗျာ။
၈။ ၂၀၁၁ မှာ ထွက်တဲ့ကား။ ငယ်တုန်းကကြည့်ဖူးတဲ့ စတားလုံးရဲ့ Rocky ကားကို အနာဂတဝါဒီပုံစံပြန်ရိုက်ထားသလိုဘဲ။ Hugh Jackman က စက်ရုပ်ကို လက်ဝှေ့သင်ပေးတဲ့ဆရာအဖြစ် သရုပ်ဆောင်တယ်။

၉။ ဒါကတော့ တလောလေးမှ ကြည့်ပြီး ကြိုက်သွားတဲ့ကား။ ၂၀၁၃ ထွက်။ Frank ဆိုတဲ့ အငြိမး်စား ဖောက်ထွင်းသူခိုးကြီးနဲ့ သူ့စိတ်ကျန်းမာရေးအတွက် အဖော်ပြုနေတဲ့ စက်ရုပ်အကြောင်း။
ကဲ ခင်ဗျားတို့ကော ဘယ်စက်ရုပ်တွေကြိုက်သလည်း။
0 comments:
Post a Comment