ဒီကားမှာ ထူးခြားထင်ရှားတဲ့ အပြောင်းအလဲတွေနဲ့ ဇာတ်ကားတိုသုံးခုပါတယ်။ တမင်ကို ဇာတ်ကားတို သုံးခုခွဲထားတာ။ Yim Pil-sung ရိုက်တာက နှစ်ကား။ Kim Ji-woon ရိုက်တာက တစ်ကား။
Brave New World
Directed by Yim Pil-sung. Written by Yim Pil-sung, Lee Hwan-hee.
Heavenly Creature
ဒူဝန်ဟာ UR လို့ခေါ်တဲ့ စက်ရုပ်ကုမ္ပဏီကြီးက နည်းပညာရှင်အဖြစ် လုပ်ကိုင်နေတဲ့ သူဖြစ်တယ်။ တစ်ရက်မှာတော့ သူတို့ဆီကနေ RU4 ဆိုတဲ့ စက်ရုပ်ကို ၀ယ်ယူထားတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းက အဲ့ဒီစက်ရုပ်ကို စစ်ဆေးပေးဖို့ အကြောင်းကြားလာတယ်။ ဘုန်းကြီးတွေသိချင်တာက RU4 ဟာ ဗုဒ္ဓဘာသာဝင်ဖြစ်လာပြီးတော့ ဉာဏ်အလင်းပွင့်နေတယ်လို့ ဆိုနေကြလို့ RU4 ဟာ တစ်ကယ်ပဲ အဲ့လိုအံ့ဘန်းဖြစ်လာတာလား။ ဒါမှမဟုတ် နည်းပညာပိုင်းဆိုင်ရာ မှားယွင်းချွတ်ချော်မှုကြောင့်လားဆိုတာပါပဲ။ စက်ရုပ်ဆိုတာ လူကထွင်တာပါ။ စက်ရုပ်တစ်ရုပ် ဉာဏ်အလင်းပွင့်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ လူတွေက ဘာကိုကြောက်နေကြတာလည်း။
Written and directed by Kim Ji-woon. Original story by Park Seong-hwan.
Happy Birthday
မင်ဆူလေး (Jin Ji-Hee) ရဲ့ အဖေ (Lee Seung-jun) နဲ့ ဦးငယ်လေး (Song Sae-byok) ဟာ ဘိလိယက်ထိုးရတာ အင်မတန်ဝါသနာပါကြတယ်။ တစ်နေ့မှာတော့ ကံမကောင်းရှာတဲ့ မင်ဆူလေးဟာ ဘိလိယက်ခုံပေါ်က နံပါတ်ရှစ်ဘောလုံးကို ဖျက်ဆီးလိုက်မိတယ်တဲ့။ ဒါကြောင့် မင်ဆူလေးလည်း သူ့အဖေနဲ့ ဦးငယ်လေး မရိပ်မိအောင် နံပါတ်ရှစ်ဘောလုံးအသစ်တစ်လုံးကို အွန်လိုင်းကနေ ၀ယ်ဖို့ ထူးဆန်းတဲ့ website တစ်ခုကနေ မှာယူလိုက်တယ်။ ပျက်ဆီးနေတဲ့ ဘောလုံးအဟောင်းကိုတော့ ပြတင်းပေါက်ကနေ လွင့်ပစ်လိုက်တာမှာ အဲ့ဒီဘောလုံးဟာ လမ်းပေါ်က ကျွင်းပေါက်လေးတစ်ခုထဲကို ကျသွားတယ်။
နှစ်နှစ်ခန့်ကြာပြီးတဲ့နောက်
ကိုးရီးယားနိုင်ငံဟာ အာကာသထဲကနေ ကျလာမယ့် ဂြိုဟ်ပဲ့ကြီးကြောင့် တစ်နိုင်ငံလုံးသေကြေ ပျက်စီးမယ့် အရေးဒုက္ခကို ကြုံလာတော့……………………………
Directed by Yim Pil-sung. Written by Yim Pil-sung, Jang Jong-ah. Original story by Park Su-min.
( Popcorn ဘယ်ဖက် sidebar မှာ Join This Site ကို နှိပ်ပြီး Member ၀င်နိုင်ပါတယ်။ )
Note
0 comments:
Post a Comment