ဒီစာကိုရေးမယ့် အချိန်မှာ ပထမဆုံးအမှတ်ရလိုက်တာကတော့ တစ်ခါတုန်းက ဆရာတစ်ယောက်ပြောဖူးတဲ့ စကားလေးတစ်ခွန်းကိုပါပဲ။ အဲ့ဒါကတော့ မင်းစာရေးဖြစ်တဲ့အခါ မိဘတစ်ယောက်ရဲ့ဘဝမှာ အဆိုးဝါးဆုံး ဖြစ်နိုင်တဲ့ အိပ်မက်ဆိုးတစ်ခုလို ဖြစ်ရပ်မျိုးကို ဘယ်တော့မှမရေးပါနဲ့တဲ့။ ကျွန်တော်တို့ ခင်ဗျားတို့ မိဘတွေဟာလည်း လူတွေဖြစ်တဲ့အတွက် ကောင်းတဲ့အခါရှိသလို ဆိုးတဲ့အခါတွေလည်း ရှိမှာပါ။ ကောင်းတာတွေကျမမြင်ပဲ အဆိုးကို ဖိနင်းတွေးချင်တဲ့ လူတွေရဲ့စိတ်ခံစားမှုတွေကြောင့် မရေးဖို့ ကျွန်တော့်ဆရာက ဆိုပုံရတယ်။ ကဲ အခု ကျွန်တော် ခင်ဗျားတို့ဆီကို Shawn Ku ရဲ့ Beautiful Boy ကိုသယ်လာပါပြီ။ ဇာတ်လမ်းထဲက character တွေရဲ့ အိပ်မက်ဆိုးတွေကို တင်ပြမလို့မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ ကျွန်တော်တို့ ခင်ဗျားတို့ ခေတ်လူငယ်တွေနဲ့ မိဘတွေအကြား လိုအပ်နေတဲ့ နားလည်မှုလေးတွေနဲ့ တချို့တချို့သော ခံစားမှုလေးများအတွက်ပါပဲ။
ဒီဘက်နှစ်တွေမှာ အနောက်နိုင်ငံတွေက အထက်တန်းကျောင်းတွေမှာ ကျောင်းသားတစ်ယောက်က ကျောင်းကို သေနတ်ယူလာပြီး အကြမ်းဖက်တာတွေ၊ ကိုယ့်ကိုကိုယ်သတ်သေတာတွေ သတင်းတွေမှာ ခင်ဗျားတို့လည်းတွေ့နေမှာပါ။ Beautiful Boy ဇာတ်ကားက အဲ့ဒီလိုဖြစ်ရပ်ပေါ်မှာ အခြေခံထားတာပဲ။ ဒီလိုဆိုလိုက်လို့ ကျောင်းတွင်းမှာ အကြမ်းဖက်တာတွေ၊ လူသတ်တာတွေကို ရိုက်ပြတယ်လို့ မထင်လိုက်ပါနဲ့။ လူမှုရေးပြဿနာတွေ၊ မိဘတွေနဲ့ သားသမီးတွေရဲ့ အကြား မသိမမြင်ကြတဲ့ စိတ်ဝေဒနာတွေကို ဦးတည်ထားတာမို့ ဟောလိ၀ုဒ်ကားအများစုမှာလို သေနတ်တဒိန်းဒိန်းပစ်ခန်းတွေ၊ သွေးထွက်သံယိုတွေ မပါပါဘူး။
နားလည်မှုဆိုတဲ့စကားလုံးကို ရေလိုသုံးနေကြတဲ့ ၀န်းကျင်တွေ ခင်ဗျားတို့ အနားမှာ ရှိကောင်းရှိနေနိုင်တယ်။ နားလည်မှုဆိုတဲ့စကားလုံးဟာ ရှုံ့ချည်နှပ်ချည်နိုင်တဲ့ အဓိပ္ပါယ်တွေကို ဖော်ဆောင်သွားနိုင်တယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ နားလည်တယ်လို့\ နားလည်မှုရှိတယ်လို့ ယူဆထားတဲ့အရာတွေကို ကျွန်တော်တို့ တကယ်တမ်း နားမလည်နိုင်ဖြစ်နေရတယ်ဆိုတာကို ဒါရိုက်တာ Shawn Ku က ပြချင်ပုံရတယ်။ ရုပ်ရှင်ကြည့်သူအများစုဟာ ရုပ်ရှင်ကြည့်နေရင်းမှာပဲ ဇာတ်လမ်းကို ကြိုတင်စဉ်းစား မျှော်လင့်တတ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ထင်မြင်မျှော်လင့်ချက်တွေကို သတ်ပစ်လိုက်ဖို့ Shawn Ku က ဇာတ်ကောင် Sam ကို ဇာတ်ကားရဲ့ အစမှာပဲ ထည့်လိုက်ပါတယ်။ ဇာတ်ကားအစမှာ Sam ရဲ့ ကလေးဘဝ မိသားစုကမ်းခြေအပန်းဖြေခရီးကို ရိုက်ပြထားပါတယ်။ ပျော်ပါးနေတဲ့ အဖေ Bill ၊ အမေ Kate နဲ့ ကလေးလေး Sam ၊ ကမ်းခြေတစ်လျှောက်ပြေးလွှားနေရင်းက ဗီဒီယိုကင်မရာတစ်လုံးနဲ့ အဖေလုပ်သူ Bill က အမှတ်တရ ရိုက်နေတယ်။ ကမ်းခြေသို့အလည်တစ်ခေါက် ကဗျာရွတ်နေသံ နောက်ခံနဲ့ပါ။ ကဗျာအဆုံးပိုဒ်နားမှာပဲ ဒါရိုက်တာ Shawn Ku က လူငယ် Sam ရဲ့အဖြစ်ကိုပြလိုက်ပါတယ်။ Sam ဟာ သူ့ရဲ့ကျောင်းက English Class မှာ ကဗျာကို ဖတ်ပြနေတာပါ။ ကဗျာအဆုံးမှာ အတန်းထဲက ပျင်းရိနေတဲ့ကျောင်းသားတွေကို တွေ့လိုက်ရတဲ့ Sam ရဲ့ ခံစားမှုမျိုး ကျွန်တော်တို့ ခင်ဗျားတို့ ကြုံဖူးကြပါတယ်။
Sam အထက်တန်းကျောင်းကို ကျောင်းအိပ်ကျောင်းစားတက်နေတဲ့အချိန်မှာ သူ့အဖေ Bill နဲ့ အမေ Kate တို့ရဲ့ အိမ်ထောင်ရေးဟာ ပြတ်ဆဲလုနီးနီးဖြစ်နေပါပြီ။ အောင်မြင်တဲ့ စီးပွားရေးသမား Bill နဲ့ စာအုပ်ထုတ်ဝေရေးတစ်ခုမှာ Proof Reader လုပ်တဲ့ Kate တို့ဟာ ဆယ်စုနှစ်တစ်ခုနီးပါး တစ်ဦးပေါ်တစ်ဦးငြီးငွေ့နေကြပြီး ကျောင်းအိပ်ကျောင်းစားတက်နေတဲ့ Sam နဲ့လည်း နွေးထွေးစွာမနေဖြစ်ခဲ့ကြပါဘူး။ တစ်ခုသောမနက်ခင်းမှာပဲ ကျောင်းဝင်းအတွင်း ကျောင်းသားတစ်ယောက်က သေနတ်ယူလာပြီး ကျောင်းသူကျောင်းသားနှစ်ဆယ်ကျော်ကို ပစ်ခတ်သတ်ဖြတ်လိုက်ပါတယ်။ နောက် သူ့ကိုယ်သူသတ်သေသွားတယ်။နားလည်မှုဆိုတဲ့စကားလုံးကို ရေလိုသုံးနေကြတဲ့ ၀န်းကျင်တွေ ခင်ဗျားတို့ အနားမှာ ရှိကောင်းရှိနေနိုင်တယ်။ နားလည်မှုဆိုတဲ့စကားလုံးဟာ ရှုံ့ချည်နှပ်ချည်နိုင်တဲ့ အဓိပ္ပါယ်တွေကို ဖော်ဆောင်သွားနိုင်တယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ နားလည်တယ်လို့\ နားလည်မှုရှိတယ်လို့ ယူဆထားတဲ့အရာတွေကို ကျွန်တော်တို့ တကယ်တမ်း နားမလည်နိုင်ဖြစ်နေရတယ်ဆိုတာကို ဒါရိုက်တာ Shawn Ku က ပြချင်ပုံရတယ်။ ရုပ်ရှင်ကြည့်သူအများစုဟာ ရုပ်ရှင်ကြည့်နေရင်းမှာပဲ ဇာတ်လမ်းကို ကြိုတင်စဉ်းစား မျှော်လင့်တတ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ထင်မြင်မျှော်လင့်ချက်တွေကို သတ်ပစ်လိုက်ဖို့ Shawn Ku က ဇာတ်ကောင် Sam ကို ဇာတ်ကားရဲ့ အစမှာပဲ ထည့်လိုက်ပါတယ်။ ဇာတ်ကားအစမှာ Sam ရဲ့ ကလေးဘဝ မိသားစုကမ်းခြေအပန်းဖြေခရီးကို ရိုက်ပြထားပါတယ်။ ပျော်ပါးနေတဲ့ အဖေ Bill ၊ အမေ Kate နဲ့ ကလေးလေး Sam ၊ ကမ်းခြေတစ်လျှောက်ပြေးလွှားနေရင်းက ဗီဒီယိုကင်မရာတစ်လုံးနဲ့ အဖေလုပ်သူ Bill က အမှတ်တရ ရိုက်နေတယ်။ ကမ်းခြေသို့အလည်တစ်ခေါက် ကဗျာရွတ်နေသံ နောက်ခံနဲ့ပါ။ ကဗျာအဆုံးပိုဒ်နားမှာပဲ ဒါရိုက်တာ Shawn Ku က လူငယ် Sam ရဲ့အဖြစ်ကိုပြလိုက်ပါတယ်။ Sam ဟာ သူ့ရဲ့ကျောင်းက English Class မှာ ကဗျာကို ဖတ်ပြနေတာပါ။ ကဗျာအဆုံးမှာ အတန်းထဲက ပျင်းရိနေတဲ့ကျောင်းသားတွေကို တွေ့လိုက်ရတဲ့ Sam ရဲ့ ခံစားမှုမျိုး ကျွန်တော်တို့ ခင်ဗျားတို့ ကြုံဖူးကြပါတယ်။
အဲ့ဒီသတင်းကို ကြားလို့ Bill နဲ့ Kate ဟာ Sam အတွက် စိတ်ပူနေကြပါတယ်။ အဲ့ဒီမနက်ခင်းမှာပဲ သူတို့နှစ်ယောက်စလုံး Sam ဆီကို ဖုန်းဆက်ကြသေးတယ်။ Sam က နှင်းပွင့်တွေဟာ အဖိုဖြစ်ဖြစ် အမဖြစ်ဖြစ် အမြဲတမ်းဆိုသလို အနားခြောက်နားရှိတယ်လို့ဆိုတော့ သူ့သားဘာကိုပြောသလဲ သိပ်နားမလည်တဲ့ Kate က Chemistry နဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ်အုပ်ရှာဖတ်ပါလားလို့ အကြံပေးလိုက်သေးတယ်။ သူတို့ဟာ Sam ကိုစိတ်ပူပြီး ဖုန်းဆက်ကြည့်တော့လည်းမရ၊ သတင်းလည်း ထပ်မကြားရဖြစ်နေတုန်းမှာပဲ အိမ်ကို ရဲကားတစ်စီးရောက်လာပါတယ်။ ရဲတွေကို မြင်တဲ့အခါမှာ Kate ဟာ သူ့သားသေတယ်ဆိုတာကို လက်မခံနိုင်ပေမယ့် လက်ခံလိုက်ရပါတော့တယ်။ ဆိုးဝါးလှတဲ့အဖြစ်ကတော့ Sam ဟာ အသတ်ခံရတာမဟုတ်ပဲ ကျောင်းသူကျောင်းသားနှစ်ဆယ်ကျော်ကို ပစ်သတ်ပြီး ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ ကျောင်းသားဖြစ်နေတာပါပဲ။ ဒီသတင်းကို ကြားရတော့ Bill ရော Kate ပါ မယုံနိုင်ကြပါဘူး။ ဒါပေမယ့် အဖြစ်ဆိုးကြီးက ဖြစ်ခဲ့ပြီလေ။
သူတို့နိုင်ငံရဲ့ သမိုင်းမှာ အဆိုးဝါးဆုံး သွေးစွန်းတဲ့ဖြစ်ရပ်အတွက် သတင်းထောက်တွေဟာ Bill နဲ့ Kate တို့ရဲ့ အိမ်ပတ်လည်ကို ရောက်လာပါတော့တယ်။ သားတစ်ယောက်သေလို့ ၀မ်းနည်းနေပါတယ်ဆိုနေမှ အဲ့ဒီမီဒီယာတွေကို သူတို့ဘယ်လို စိတ်အင်အားမျိုးနဲ့ ရင်ဆိုင်ကြမလည်း။ ဒါနဲ့ သူတို့နှစ်ယောက် ညဖက်လူပြတ်ချိန်မှာ Kate ရဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်အိမ်မှာ သွားနေဖို့ ထွက်လာကြတယ်။ Sam ဟာ ဒီကိစ္စကို ကြိုတင်ကြံစည်ပြီးမှ လုပ်ခဲ့တာပါ။ အခင်းဖြစ်တဲ့မနက်ခင်းက သူတို့လင်မယားနှစ်ယောက် Sam ဆီဖုန်းဆက်တော့ အရာအားလုံးအဆင်ပြေပါတယ် လို့ဆိုခဲ့တဲ့ Sam ဟာ အခင်းမဖြစ်မီညကတည်းက သူဒီလိုကျူးလွန်တော့မယ်ဆိုတာကို ဗီဒီယိုမှတ်တမ်းရိုက်ပြီး အွန်လိုင်းမှာတင်ခဲ့သေးတယ်။ Sam ရဲ့ Facebook, Myspace, Twitter စာမျက်နှာတွေမှာ Sam ကို အရူး၊ လူသတ်သမားဆိုပြီး ရေးကြတဲ့ comments တွေကို မြင်ရတဲ့ Bill နဲ့ Kate တို့ကတော့ စိတ်မချမ်းသာစရာပိုဖြစ်တာပေါ့။ Sam နဲ့ ပတ်သက်တဲ့သတင်းတွေကလည်း အမြဲလာနေတော့ သူတို့နှစ်ယောက်စလုံး TV တောင် မကြည့်ချင်ကြတော့ဘူး။
ကျောင်းမှာလူတိုင်းက လူအေးလေးလို့သိကြတဲ့၊ စကားနားထောင်တဲ့ အမေ့သားလေး Sam ဟာ ဒီလိုဘာကြောင့်ဖြစ်ခဲ့ရပါလည်း။ Sam ရဲ့ စိတ်ဝေဒနာဟာ ဘယ်ကတည်းက ညှိတွယ်နေခဲ့တာလည်း၊ Sam တစ်ယောက်ဒီလိုဖြစ်ရတာဟာ Bill နဲ့ Kate တို့ရဲ့ ပြုစုပျိုးထောင်မှုမှားယွင်းခဲ့လို့လား စတဲ့ ပြဿနာတွေဟာ Bill နဲ့ Kate ကြားမှာ ပေါက်ကွဲလာပါတော့တယ်။ Bill ကပဲမှားခဲ့တာလား၊ Kate ကပဲမှားခဲ့တာလား၊ ဒါကို သူတို့ဘယ်လိုဖြေရှင်းကြမလည်း ဆိုတာကိုတော့ ခင်ဗျားတို့ကိုယ်တိုင်ပဲ ရုပ်ရှင်ကိုကြည့်လိုက်ပါတော့လို့ တိုက်တွန်းပါရစေ။
ပြဿနာတစ်ခုကို ဖြေရှင်းတဲ့နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် ရှောင်ဖယ်နေလိုက်လို့မရပါဘူး။ အကောင်းဆုံးနည်းကတော့ မျက်နှာချင်းဆိုင်ပြီး ဖြေရှင်းလိုက်ဖို့ပါပဲလို့ Shawn Ku က ဆိုလေရဲ့။
Bill အဖြစ် Michael Sheen နဲ့ Kate အဖြစ် Maria Bello တို့ကသရုပ်ဆောင်ထားပါတယ်။ Michael Sheen နဲ့ Maria Bello တို့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေက တကယ် အံ့သြဘနန်းဖြစ်အောင်ကို ပီပြင်လှပါတယ်။ Maria Bello ရဲ့ အကောင်းဆုံးသော သရုပ်ဆောင်မှုတွေကို ဒီကားမှာ တွေ့ရမှာပါ။ ရင်ထဲက ၀မ်းနည်းမှုတွေကို ဟန်ဆောင်မျက်နှာဖုံးနဲ့ ဖုံးကွယ်နေရတဲ့ မိန်းမတစ်ယောက်ရဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ အခြေအနေကို ပီပြင်အောင်သရုပ်ဆောင်သွားခဲ့ပါတယ်။ Sam ရဲ့ သတင်းကို ကြားကြားချင်းမှာ မယုံကြည်နိုင်ဖြစ်ပြီး အမေလုပ်သူက ငိုပေမယ့် အဖေလုပ်သူက မငိုမိအောင်နေတယ်။ တစ်ယောက်ထဲ ရေချိုးခန်းထဲမှာ ကြိတ်ငိုတဲ့အခန်းမှာဆို ဒါရိုက်တာက Michael Sheen ရဲ့ မျက်နှာကိုတောင်မပြပဲ ကျောပေးထားတာကို ရိုက်ပြတယ်။ ယောကျ်ားရင့်မကြီးတစ်ယောက်ရဲ့ ပခုံးစွန်းကလေး တသိမ့်သိမ့်တုန်နေပုံကို ကြည့်ယုံနဲ့ သူဘယ်လောက်ထိ ၀မ်းနည်းမှုကို အောင့်အည်းခဲ့ရတယ်ဆိုတာ ခင်ဗျားတို့ ရင်မှာနင့်ခနဲထိသွားမှာပါ။ မိသားစုအပေါ် စိတ်ဝင်စားမှုနည်းပါးတဲ့ လင်ယောက်ျားတစ်ယောက်၊ အဖေတစ်ယောက်အဖြစ်ကနေ အခြေအနေတွေက အခြားတစ်ဖက်ကို ပို့ပေးလိုက်ပါတယ်။ ဒီကားမှာ အဖေ ( Bill ) နေရာက သရုပ်ဆောင်ရတဲ့ Michael Sheen ရဲ့ လုပ်ကွက်တွေက ပိုခက်ခဲပါတယ်။ ခက်ခဲသလောက် ပီပြင်အောင် Michael Sheen က အကောင်းဆုံးသရုပ်ဆောင်သွားခဲ့ပါတယ်။
ဒီ Beautiful Boy ဇာတ်ကားကို Michael Armbruster နဲ့ Shawn Ku တို့ တွဲဖက်ရေးသားတဲ့ ဇာတ်ညွှန်းပေါ် အခြေခံပြီး ဒါရိုက်တာ Shawn Ku က ရိုက်ကူးထားတာပါ။ Toronto နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဒီဇာတ်ကားဟာ FIPRESCI ဆု ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာ စိတ်ကိုမသက်မသာဖြစ်စေတဲ့ တကယ့်အဖြစ်မှန်တွေကနေ အမြဲတစေ ထွက်ပြေးလွတ်မြောက်ဖို့ လမ်းရှာနေတဲ့ လူတွေရဲ့ စိတ်ကို တိုက်ရိုက်ဆန့်ကျင်မှုပြထားပြီး တချို့သောလူတွေရဲ့ နက်ရှိုင်းတဲ့ မျှော်လင့်ချက်မဲ့နေထိုင်နည်းကို ( ဒီနေရာမှာ မျှော်လင့်ချက်မရှိ ဆိုတာထက် မျှော်လင့်ချက်မဲ့ဆိုတဲ့စကားလုံးကို တမင်သုံးထားပါတယ်။ ) ရှာဖွေမှုအပေါ်မှာ လှလှပပကြီးကို တိုင်းတာပြထားခြင်းပဲ ဖြစ်ပါတယ်။

( Popcorn ဘယ်ဖက် sidebar မှာ Join This Site ကို နှိပ်ပြီး Member ၀င်နိုင်ပါတယ်။ )
Notes
0 comments:
Post a Comment