Pages

Subscribe:

Wednesday, February 20, 2013

Argo ( 2012 )


Argo ဟာဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ Ben Affleck ကိုယ်တိုင် ရိုက်ကူး၊ ကိုယ်တိုင်ပါ၀င်သရုပ်ဆောင်ထားပါတယ်။ George Clooney နဲ့ Ben Affleck ပူးပေါင်းထုတ်လုပ်ပါတယ်။





၁၉၇၉ ခုနှစ် နိုဝင်ဘာက အီရန်မှာရှိတဲ့  အမေရိကန်သံရုံးကို အီရန်တက္ကသိုလ်ကျောင်းသားတွေနဲ့ လက်နက်ကိုင်တစ်ချို့ ၀င်စီးတဲ့အဖြစ်ကို အခြေခံထားတာပါ။ သံရုံးဝန်ထမ်း အယောက် ၅၀ ကျော်ကို ဓါးစာခံအဖြစ်ဖမ်းဆီးထားချိန်မှာ သံရုံးဝန်ထမ်းခြောက်ယောက် ထွက်ပြေးလွတ်မြောက်သွားပါတယ်။ သူတို့ကို အဲ့ဒီအချိန်က မဟာမိတ်ဆိုတဲ့ ဗြိတိသျှသံရုံးကလက်မခံပါဘူး။ ရုရှသံရုံးကလည်း လက်မခံပါဘူး။ ကနေဒါသံရုံးကလက်ခံပြီး သံအမတ်ကြီးက သူ့အိမ်မှာ ပုန်းအောင်းခွင့်ပြုလိုက်ပါတယ်။ အဲ့ဒီခြောက်ယောက်ကို ကယ်ထုတ်နိုင်ဖို့ စီအိုင်အေက ကြံစည်ပါတော့တယ်။ စီအိုင်အေရဲ့အကြံကတော့ အေးဂျင့်မန်ဒက်ဇ်ကို အီရန်မှာ ရိုက်မယ့် ရုပ်ရှင်ထုတ်လုပ်သူအဖြစ် အသွင်ယူခိုင်းပြီး ကနေဒါသံအမတ်ကြီးနေအိမ်က ခြောက်ယောက်ကို ရုပ်ရှင်အဖွဲ့သားများအဖြစ် ဟန်ဆောင်က အီရန်ကနေခိုးထုတ်ဖို့ပါပဲ။ အေးဂျင့်မန်ဒက်ဇ်က သူ့မိတ်ဆွေ ဟောလိ၀ုဒ်မိတ်ကပ်ဆရာ ဂျွန်ချိန်ဘာကို အကူအညီတောင်းပြီး ရုပ်ရှင်ကုမ္ပဏီအတုထောင်တယ်။ အီရန်မြေကို အခြေခံပြီး ရိုက်ကူးမယ့် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကား Argo ကို ဇာတ်ညွှန်းတွေ၊ ပိုစတာတွေကအစ ယုတ္တိယုတ္တာရှိရှိဖန်တီးလိုက်ပါတယ်။ မန်ဒက်ဇ်ဟာ သံရုံးဝန်ထမ်းခြောက်ယောက်ကို အောင်မြင်အောင် ကယ်ထုတ်နိုင်ပါ့မလား။


ဒီဇာတ်ကားနဲ့ Ben Affleck က သူ့ဒါရိုက်တာပညာအရည်အချင်းကို ပြလိုက်တာပဲ။ ဒါပေမယ့် အော်စကာစကာတင်မှာတော့ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။


0 comments:

Post a Comment