Pages

Subscribe:

Tuesday, January 29, 2013

Feb 23, 2013 အကြို



ရုပ်ရှင်ချစ်သူများခင်ဗျာ။ လာမယ့် ဖေဖော်ဝါရီ ၂၃ မှာ ကျင်းပမယ့် အော်စကာဆုပေးပွဲအတွက် ဆန်ကာတင်စာရင်းကတော့ ထွက်ရှိလို့လာပါပြီ။ ပရိသတ်များနဲ့ အကြိုက်တူမတူ၊ ထွေရာလေးပါးပြောကြည့်ရအောင်ဗျာ။ (ဆန်ကာတင်စာရင်းကို ဒီမှာ ကြည့်။) နာမည်ကျော်နေတဲ့ Lincoln ကတော့ ဆန်ကာတင် ၁၂ ဆုတောင်ပါ၀င်နေပြီး အကောင်းဆုံးဇာတ်ကားဆုရဖို့ တစ်ပြေးနေပါတယ်။ ဒါရိုက်တာဆုအတွက်တစ်ပြေးနေတာကတော့ စတီဗင်စပီးလ်ဘတ်ပေါ့။ ဒန်နီရယ်ဒေးလူးဝစ်က တော့ အကောင်းဆုံးမင်းသားဆုအတွက် တစ်ပြေးနေပါတယ်။ ဆန်ကာတင်စာရင်းဝင်ဇာတ်ကားတွေကို ကြည့်ရသမျှတော့ အကောင်းဆုံးဆိုတဲ့ ရွေးချယ်မှုဟာ အလုပ်နဲ့ ( ၀ါ ) အနုပညာနဲ့ မသက်ဆိုင်ပဲ ရွေးချယ်သူများရဲ့ စိတ်ပေါ်မှာသာ မူတည်နေတယ်လို့ ခံစားမိစေပါတယ်။ Lincoln နဲ့ Les Miserables ကို ကျနော် ခွေဝယ်လာပြီး ခုထိမကြည့်ဖြစ်သေးပါဘူး။ ကြည့်ဖြစ်အောင် ကြည့်ဖို့ ကိုယ့်ကိုကိုယ်တိုက်တွန်းမိတာလည်း သုံးပါတ်လောက်ရှိသွားပြီ။ နည်းနည်းလောက်ကြည့်ပြီးမှ ဆက်ဖို့ စိတ်ကို မပါတာဗျာ။ Django Unchained၊ Silver Linings Playbook နဲ့ Zero Dark Thirty တို့လို တမူထူးတဲ့ ဆွဲဆောင်မှုရှိတဲ့ ( ကျနော်အကြိုက်တွေ့မိတဲ့ :) ) ဇာတ်ကားတွေကတော့ အကောင်းဆုံးဇာတ်ကားဆုအတွက် ဆုရွေးချယ်သူတွေ အကြိုက်တွေ့နေတဲ့ Lincoln ကို ကန်ချဖို့အခွင့်အရေးမရဖြစ်နေသလိုပဲ။ ဒါနဲ့ စိတ်က ခပ်တင်းတင်းရှိလှတာနဲ့ online ပေါ်တက်ပြီး ဆန်ကာတင်စာရင်းဝင်ကားတွေအကြောင်း ရှာဖွေလေ့လာကြည့်တဲ့အခါ မပြောမပြီး မတီးမမြည်ဆိုသလို ပြောစရာလေးတွေက ပေါ်လာတယ်။


၁- Argo လိုဇာတ်ကားမျိုးကို ရိုက်တဲ့ ဒါရိုက်တာ ဆန်ကာတင်မှာ မပါ၀င်ဘူး။

( ကျနော်ထင်တဲ့ ဆုရွေးချယ်သူတွေရဲ့အကြောင်းပြချက်- ဘာလို့လည်းဆိုတော့ Ben Affleck ရိုက်တာမို့လို့ပေါ့တဲ့ :P ။ သွားဘာမှလာမပြောနဲ့ ဟွန့်)


၂- Zero Dark Thirty လိုကားမျိုးကို ရိုက်တဲ့ ဒါရိုက်တာ ဆန်ကာတင်မှာ မပါတာ အံ့စရာ။

( ကျနော်ထင်တဲ့ ဆုရွေးချယ်သူတွေရဲ့အကြောင်းပြချက်- အို..အေ… Kathryn Bigelow က မိန်းမကြီးမို့ပေါ့။ )


၃- Django လိုကားမျိုးရိုက်ပြတဲ့ ဒါရိုက်တာ ဆန်ကာတင်မှာ မပါ။

( ကျနော်ထင်တဲ့ ဆုရွေးချယ်သူတွေရဲ့အကြောင်းပြချက်- ဒါကတော့ တမင်သက်သက်ကို Quentin Tarantino ကို နှိပ်ကွပ်တာကွာ။ ကဲ..ဘာဖြစ်သေးလည်း။ ဒါပေတဲ့ တို့ ဇာတ်ကားဆန်ကာတင်တော့ ရွေးပေးပါတယ်။ )


၄- Beasts of the Southern Wild, Amour, Life of Pi တို့လို ရွေးချယ်သူစိတ်ကြိုက်တွေ ဇာတ်ကားဆန်ကာတင်မှာပါလာတယ်။

(ကျနော်ထင်တဲ့ ဆုရွေးချယ်သူတွေရဲ့အကြောင်းပြချက်- ဒါကတော့အေ.. ညည်းတို့ဗမာပြည်မှာလည်း ငရဲသားတို့၊ တိုက်ပွဲခေါ်သံတို့၊ သူ့ကျွန်မခံပြီတို့ရွေးသေးတာပဲ။ )


၅- သမရိုးကျ အားထုတ်မှုမရှိလှတဲ့ သရုပ်ဆောင်မှုမျိုးကြီးနဲ့ Les Miserables က Hugh Jackman မင်းသားဆန်ကာတင်မှာပါလာတယ်။
( ကျနော်ထင်တဲ့ ဆုရွေးချယ်သူတွေရဲ့အကြောင်းပြချက်- အို ဒါကတော့ မမ Emma Stone( Host of Oscar ) အကြိုက်ကိုးအေ့။ ဇာတ်လမ်းမကောင်းလည်းကိစ္စမရှိ၊ သရုပ်ဆောင်မကောင်းလည်း ကိစ္စမရှိ )


၆- ကဲ။ ဒါမှ ငြင်းချင်သေးရင် Argo ကားထဲမှာ လုပ်ကွက်လည်း သိပ်မရှိလှ၊ ပါတဲ့အခန်းကလည်းနည်း၊ စကားနည်းနည်းပါးပါးပဲ ပြောရတဲ့ Alan Arkin က ဘာလို့ ဇာတ်ပို့ထီး ဆန်ကာတင်မှာ ပါရတာလည်း။

၇- Django Unchained ကားကဆန်ကာတင်ဝင်တဲ့ ဇာတ်ပို့ထီးက ဘာလို့ Leonardo DiCaprio မဟုတ်ဘဲ Christoph Waltz ဖြစ်နေရတာလည်း။

၈-  Moonrise Kingdom လိုချစ်ဖို့ကောင်းတဲ့ ဇာတ်ကားမျိုးက ဘာလို့ Original Screenplay ကလွဲလို့ ကျန်တာ ဆန်ကာတင်မပါရတာလည်း။


၉- Naomi Watts ကို ကျနော်ကြိုက်ပါတယ်။ သူ့ကားတိုင်းလည်းကြည့်တာပဲ။ ဒါပေတဲ့ The Impossible လို ကားမှာ တချိန်လုံး ရှုတင်မိတ်ကပ်အလန်းစားနဲ့ ကုတင်ပေါ်လှဲနေယုံကလွဲလို့ ( ကျနော်ကတော့ The Impossible ဟာ Lucas ဆိုတဲ့ ဇာတ်ကောင်လေးကို တင်တာပဲလို့ မြင်တယ် ) ဘာမှ သိပ်မထူးခြားလှတဲ့သူက မင်းသမီးဆန်ကာတင်မှာပါတာကိုတော့ ဘဝင်မကျဘူး။ ဖြစ်သင့်တာက Hitchcock ကားက Helen Mirren လိုမျိုးမင်းသမီးကမှ ပါသင့်တယ်လို့ ယူဆမိတယ်။


အချုပ်အားဖြင့် ဆန်ကာတင်စာရင်းကို ကြည့်ပြီး ကျနော်ကောက်ချက်ချမိတာကတော့ သင်ဟာ ဆန်ကာတင်စာရင်းမှာ ပါ၀င်ဖို့အတွက် အနုပညာအားဖြင့် ကောင်းရန်မလို၊ အရင့်အရင်နှစ်များက ဆန်ကာတင်စာရင်းမှာသာ ပါ၀င်ရန်လိုသည် ဆိုတာပါပဲ ခင်ဗျာ။

Monday, January 28, 2013

Precious ( 2009 )

ဇာတ်လမ်းဆု၊ သရုပ်ဆောင်ဆု၊ ဒါရိုက်တာဆု Oscar တွေ လည်း တပြုံတမရခဲ့တယ်။ Oscar မရခင်ကတည်းက ဇာတ်ကားစထွက်လာကတည်းက  Mo’ Nique ရဲ့ အံ့မခန်း သရုပ်ဆောင်မှုကို လူပြောသူပြောများတယ်။ ချီးကျူးခံရတယ်။ Sundance ရုပ်ရှင်ပွဲတော်မှာလည်း ရနိုင်သမျှထဲက အကောင်းဆုံးဆုသုံးဆုဖြစ်တဲ့ ပရိသတ်အကြိုက်ဆုံးဆု၊ ဇာတ်ကားအတွက် Grand Jury ဆု၊ Mo’Nique ရဲ့ သရုပ်ဆောင်မှုအတွက် Special Jury ဆုတွေ ဆွတ်ခူးခဲ့။ ကဲ အဲ့ဒီလိုကောင်းတဲ့ကား။ Popcorn က တင်ဆက်ပေးလိုက်ပါပြီ။ ၂၀၀၉ ကတည်းကထွက်တာဆိုပေမယ့် ကျနော်တို့ ဆီက လူတွေ သိပ်သတိမထားလိုက်မိပါဘူး။ ဒါကြောင့် မကြည့်ရသေးသူတွေအတွက်နဲ့ ကြည့်ပြီးသူများ ပြန်ခံစားဖို့အတွက်။ ဇာတ်ကားနာမည်က “Precious”.



ဇာတ်ကတော့ ၁၆ နှစ်အရွယ် Clarice “Precious” Jones ရဲ့ အကြောင်း။ သူအမေနဲ့ သူ့အဖေက သူ့ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တယ်။ သူ့အဖေကြောင့် သူကိုယ်ဝန်ရလာတော့ ကျောင်းကထုတ်ခံရတယ်။ ဒါတောင်မှ သူ့အမေက သူ့ကို “ငါနင့်ကို ဖျက်ချခဲ့သင့်တယ်” လို့ဆိုသေးတယ်။ ဒါပေမယ့် Precious ဟာ သူ့ကိုယ်သူ ယုံကြည်မှုနဲ့ ဒီကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ကနေ ရုန်းထွက်ဖို့ ကြိုးစားတယ်။



ဒီဇာတ်ကားက ထွက်ပေါက်မရှိအောင် ချောင်ပိတ်ရိုက်၊ မျှော်လင့်ချက်တဆုံးမဲ့အောင် ဇာတ်ဆောင်တွေက ဇွတ်တိုးဝင်နေကြသလားအောင့်မေ့ရတယ်။ ကြည့်ရတာ ဒီရုပ်ရှင်ယူရိုက်တဲ့ ၀တ္တုဆရာ Sapphire က ကျနော်တို့ဆီက မိုးမိုး ( အင်းလျား ) တို့ ၊ ဂျူးတို့ နဲ့ ဂိုဏ်းတူပုံရတယ်။ :P

ကြည့်ဗျာ။ ၁၆ နှစ်ကလေးမ၊ အဖေကကော အမေကကော လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်အကြမ်းဖက်တယ်။ အဖေရင်းကိုယ်တိုင်ကြောင့်ကို ကိုယ်ဝန်ရလို့ ကျောင်းကထုတ်ခံရတယ်။ ဒါ့အပြင် တခြား အဖြစ်ဆိုးတော်တော်များများထပ်ဖြစ်သေးတယ်။ ( အဲ့ဒါတွေတော့ ပြောပြတော့ဘူးနော်။ ကိုယ့်ဟာကိုယ်ကြည့်ရင် မုဒပျက်မှာစိုးလို့ :P ) ကံဆိုးမသွားလေရာ မိုးလိုက်လို့ ရွာဆိုသလိုပေါ့။ ဇာတ်ကအင်မတန်နာတယ်လို့ ပြောလို့ရတယ်။ ဒါပေတဲ့ ဒါကို လွန်လွန်းတယ်လို့ ခင်ဗျားတို့ တွေးမိရင် ဒါဟာ ရုပ်ရှင်ဆရာတွေက Precious ဟာ ကျနော်တို့ လူ့အဖွဲ့အစည်း ရဲ့ ပြယုဂ်တစ်ခုအဖြစ် တင်ဆက်လိုက်တာဆိုတာမမေ့ပါနဲ့။

မုဒိမ်းမှု၊ ကိုယ့်သွေးသားကို နှိပ်စက်မှု၊ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားအသုံးအနှုန်း နဲ့ ကာယကံမြောက် စော်ကားနှိပ်စက်မှု စတဲ့ လူတွေရဲ့ အမှောင်ဖက်ခြမ်းကအကြောင်းတွေပဲ စုပြုံလိုက်တဲ့အခါ ကောင်းသထက်ကောင်းတဲ့ အချက်တစ်ချို့ကို တွေ့လာနိုင်တယ်လေ။ Precious ဟာ ငြိမ်ခံမနေဘူး။ ရုန်းထွက်နိုင်ဖို့ အမြဲတစ်ခုခုကြိုးစားတယ်။ သင့်တော်တဲ့ အကူအညီကို ရအောင်ရှာတယ်။ ကိုယ့်ဘဝကိုယ်နားလည်တယ်။ အမြဲတမ်း အမှောင်ကမ္ဘာကနေ ရုန်းထွက်နိုင်ဖို့ တိုက်ခိုက်နေတယ်။




Mo’Nique က Precious ရဲ့ မုန်းစရာကောင်းတဲ့ အမေနေရာကနေ သရုပ်ဆောင်ထားတာ။ သူက အရင်က ခပ်ပေါပေါဟာသကားတွေမှာ သရုပ်ဆောင်နေရာကနေ ဒီကားလည်းကျရော သူ့ပညာစွမ်းပြတော့တာပဲ။ ဒီကားမှာ သူက လူတိုင်း ရာနှုံးပြည့်မုန်းအောင် သရုပ်ဆောင်နိုင်ခဲ့တယ်။ ရွှေဘတို့ခေတ်က လူကြမ်းများ အပြင်မှာလည်း မုန်းခံရသလိုပေါ့။ အဲ့သလိုကိုအောင်မြင်တာ။ ဇာတ်လမ်းကောင်း၊ ဇာတ်ညွှန်းကောင်းတာ ဟုတ်တယ်။ ဒါပေမယ့် Mo’Nique က ဇာတ်ကောင်ကို ဇာတ်ဆောင်မနေဘဲ တကယ့်ဘဝထဲကို ယူလာတယ်။ တကယ့်ကို ပီပြင်လွန်းလို့။ ဒီကားလည်း ကြည့်ပြီးရော Mo’Nique က တကယ့်ကို Oscar ထိုက်ထိုက်တန်တန်ရခဲ့တာပဲလို့ ခင်ဗျားတို့လည်း ထောက်ခံမိကြလိမ့်မယ်ထင်တယ်။


Precious အဖြစ်သရုပ်ဆောင်တဲ့ ကလေးမအတွက် ဒီဇာတ်ကားက သူ့ရဲ့ ပထမဆုံး သရုပ်ဆောင်တဲ့ဇာတ်ကားပဲ။ ဒါကြောင့် သူ့သရုပ်ဆောင်မှုကို ကြည့်ရင် ရှက်သလိုရွံ့သလို တစ်ခါတစ်ခါ ဖြစ်ဖြစ်နေတာတွေ့ရတယ်။ အဆိုကျော် Mariah Carey က ဒီဇာတ်ကားမှာ Social Worker နေရာကနေ ဇာတ်ပို့သရုပ်ဆောင်ထားတာလည်း ပီပြင်တယ်။ မည်သို့ပင်ဆိုစေကာမူ Mo’Nique ရဲ့ သရုပ်ဆောင်မှုနဲ့ ဇာတ်လမ်းက ကြည့်ဖို့ ထိုက်တန်တဲ့ ကားတစ်ကောင်းဖြစ်တယ်ဆိုတာပါပဲ။




Note

 

Director: Lee Daniels

Writers: Geoffrey Fletcher (screenplay), Sapphire (novel)

Stars: Gabourey Sidibe, Mo'Nique and Paula Patton

 


Beasts of the Southern Wild ( 2012 )

ကမ္ဘာပျက်လုပြီ။
ကစဉ့်ကလျား ၀ရုန်းသုန်းကားဖြတ်သန်းကြမယ့်အစား ကမ္ဘာပျက်ချိန်အတွက် အသင့်ဖြစ်အောင် ပြင်ဆင်ထားကြလော့။

ဒီနောက်ပိုင်း ရုပ်ရှင်တွေတော်တော်များများမှာ အဲ့ဒီ အိုင်ဒီယာတွေပဲတွေ့နေရတယ်။ ခုလည်း အဲ့ဒီလို အိုင်ဒီယာနဲ့ ဇာတ်ကားတစ်ကားကြည့်ဖြစ်လိုက်တယ်။ Beasts of the Southern Wild တဲ့။

ဒီကားက ခက်ခဲတဲ့ဘဝနဲ့ တစ်ခါတစ်လေ သူမရဲ့ ဘဝင်ကမ္ဘာလေးထဲထွက်ပြေးလေ့ရှိတဲ့ ကလေးမလေးတစ်ယောက်အကြောင်း။ သူ့နာမည်က Hushpuppy တဲ့။ ဒူးလောက်ထိ ရေမြုပ်နေတဲ့ Bathtub ဆိုတဲ့ မြို့လေးမှာနေတယ်။ သူ့အဖေ Wink ကသူ့အတွက် စံပြပုဂ္ဂိုဟ်။ ဒါပေတဲ့ Wink ဟာ အရက်စွဲနေတဲ့သူ။ အလုပ်မရှိအကိုင်မရှိ။ အရှုံးသမား။ သူက သူ့ရဲ့ အချီးနှီးမှုကို Hushpuppy အပေါ်ပုံချလေ့ရှိတယ်။ အချိန်တိုင်းလိုလို Hushpuppy ကို ချုပ်ကိုင်ချင်တယ်။ ဒါပေမယ့် ကံကောင်းချင်တော့ Hushpuppy လေးကလည်း ကိုယ့်ဘဝကိုကိုယ်ထိန်းကျောင်းနိုင်လောက်အောင် စိတ်စွမး်ရည်မြင့်တဲ့ကလေးမ။ ဇာတ်ကားထဲက အရွယ်အရဆို ခြောက်နှစ်ဝန်းကျင်လောက်ပဲရှိဦးမယ်။ သူမမှာ သူမကိုယ်ပိုင် ဘဝအမြင်ရှိတယ်။ သူမဘာသာသူမ နေထိုင်တတ်တယ်။ သူ့အဖေက ခက်ခဲကြမ်းတမ်းတဲ့ ဘဝမှာ နေနိုင်ဖို့ Hushpuppy ကို သန်မာနေအောင် အမြဲလေ့ကျင့်ပေးလေ့ရှိတယ်။




 ဒီဇာတ်ကားကို သဘောကျတဲ့အချက်တစ်ချက်က ကမ္ဘာပျက်လုချိန်မှာ လူကြီးတွေက ရူးသွပ်မိုက်မဲ အားကိုးမရပြုမှုနေကြပေတဲ့ မျိုးဆက်သစ်ကလေးတွေကတော့ ဒါကို လက်ခံရင်ဆိုင်ကြိုးစားလိုစိတ် ထက်သန်မှုရှိနေတာကို ပြတဲ့အချက်ပဲ။ ကမ္ဘာလောကကြီးကို အော်ပလိုက်တယ်။ ( အားအားရှိ လောကကြီးကဘာဖြစ်တယ် ကံကိုကညာဖြစ်တယ်နဲ့ လောကနဲ့ ကံကိုလောက် အပြစ်တင်ပုံချ ရှောင်ပြေး တာဝန်မယူချင်ကြတဲ့ လူကြီးတွေကို မျိုးဆက်သစ်တွေက မာန်ဖီပြလိုက်တဲ့ အသံဖြစ်တယ်။ ) သူတို့ဟာ အကျိုးတရားရဲ့ အကြောင်းတရားကို မြင်ကြတယ်။


Hushpuppy လေးဟာ ယောက်ယက်ခတ်နေတဲ့ ကမ္ဘာလောက သဘာဝကိုသာ ရင်ဆိုင်ရသာမဟုတ်ဘူး။ သူ့ရဲ့ အားကိုးမရတဲ့ မိဘတွေနဲ့လည်း ရင်ဆိုင်ရတယ်။(  သားသမီးမကောင်း မိဘခေါင်းဆိုတဲ့စကားသာ ရှိခဲ့တဲ့ ကျနော်တို့ လူမှုအသိုင်းအဝိုင်းအတွက် မိဘမကောင်း သားသမီးခေါင်းဆိုတာလည်း ရှိကြောင်း ) Wink က ကလေးကို ဂရုမစိုက်ဘူး။ မစောင့်ရှောက်ဘူး။ ဇာတ်ကားတစ်လျှောက်လုံး လောကကို တစ်ယောက်တည်း အပြစ်တင်ဖို့ ကြိုးစားနေတဲ့သူ။ ဇာတ်ကားတစ်နေရာမှာ Hushpuppy လေးဟာ သူ့အဖေဆီကနေ ထွက်ပြေးတယ်။ ချစ်ဖွယ်သော မိဘ၊ မိဘပီသသော မိဘရှိတဲ့ ကလေးတွေဟာ ချစ်တတ်တယ်။ မြတ်နိုးတတ်တယ်။ နာခံတတ်တယ်။ ဒါမှမဟုတ် မိဘက မိဘမပီသရင်တော့ ကလေးတွေမှာ အဲ့ဒီမိဘတွေဆီက ထွက်ပြေးခွင့် ( Rights ) ရှိတယ်လို့ ကျနော်ကတော့ ယုံကြည်လက်ခံပါတယ်။ ( အထူးသဖြင့် စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ကလေးကို abuse လုပ်တဲ့ မိဘတွေကို ဆိုလိုပါတယ်။ )


အနှစ်ချုပ်ဆိုရရင်ဖြင့် Beasts of the Southern Wild ဟာ ရိုးရှင်းလှပ ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Hushpuppy လေးဟာ ကြမ်းတမ်းခက်ရော်တဲ့ အရာတွေအလယ်မှာ နေထိုင်နေရပေတဲ့ အဲ့ဒီအရာတွေကြားမှာလည်း အလှတရားဟာ ရှိလို့နေပါတယ်။

 

 

Notes

Director: Benh Zeitlin

Writers: Lucy Alibar (screenplay), Benh Zeitlin (screenplay), and 1 more credit »

Friday, January 25, 2013

The Great Dictator (1941)



Popcorn ရဲ့ မိတ်ဆွေ။

ခင်ဗျားတို့ အကြိုက်ဆုံး ဇာတ်ကား ၁၀၀ ကို စာရင်းပြုကြည့်ရင် The Great Dictator ဟာ မပါမဖြစ်ပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ချာလီချက်ပလင်ဟာ ကျနော့်ရဲ့ Ideal Person ပါ…:P ။ ဟာသပညာဟာ အင်မတန်ခက်ခဲတဲ့ ပညာဖြစ်ပါတယ်။ ချာလီဟာ ဟာသပညာကို ဖျော်ဖြေမှုသက်သက်၊ ပိုက်ဆံရှာဖို့သက်သက်ထက် ပိုပြီး အသုံးချနိုင်ခဲ့တဲ့သူပါ။ သူနေထိုင်တဲ့ ကမ္ဘာမြေကို အဖိုးတန်တဲ့ တစ်စုံတစ်ရာ ပေးဆပ်ခဲ့တဲ့သူပါ။ ချာလီ့ရုပ်ရှင်တိုင်းမှာ message တစ်ခုမဟုတ်တစ်ခုပါလေ့ရှိတယ်။ တစ်ခါတစ်လေ လူသားတစ်ယောက်ရဲ့ အဆုံးစွန်သော အထီးကျန်မှုအကြောင်း၊ တစ်ခါတစ်လေ လောဘတရားအကြောင်း၊ တစ်ခါတစ်လေ တန်ခိုးပါ၀ါအကြောင်း၊ ကဲ အခု Popcorn က တင်ဆက်ပေးမယ့် The Great Dictator ကားကတော့ နိုင်ငံရေးပေါ့ခင်ဗျာ။

ဇာတ်လမ်းကတော့ အာဏာရှင်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်အုပ်ချုပ်မှုအောက်က ဂျူးလူမှုအသို်င်းအဝိုင်းတစ်ခုရဲ့ အကျပ်အတည်းတွေ၊ ရုန်းကန်ရင်ဆိုင်ရမှုတွေကို ဖော်ပြထားတာပါ။ ဇာတ်ကားကို ကြည့်ပြီး ဒါဟာ နာဇီတွေပဲ။ ဟစ်တလာအကြောင်းပဲလို့ လူတိုင်းလိုလိုထင်ကြမှာပါ။ ထင်လည်းထင်ချင်စရာကိုး။ ဒါပေတဲ့ ဇာတ်ကားထဲမှာ ချာလီဆင်ထားတဲ့ အစိုးရက Tomania တဲ့။ အာဏာရှင်ခေါင်းဆောင်ကြီးနာမည်က Adenoid Hynkel ( ချာလီသရုပ်ဆောင်) တဲ့။ Adolf Hitler နဲ့ ဆင်တူယိုးမှားပဲနော်။ အာဏာရှင်လက်အောက်မှာ သူ့ဆံသဆိုင်လေးကို ဆက်လက်ရပ်တည်နိုင်ဖို့ ကြိုးစားတဲ့ ဂျူးဆံပင်ညှပ်ဆရာလေးရဲ့ အကြောင်းပေါ့။ ( ဒီဇာတ်ကောင်နေရာမှာလည်း ချာလီပဲ။ )


ရုပ်ရှင်သမားတွေ ချာလီချက်ပလင်ကို နေ့တိုင်း ကန်တော့ပြီးမှ အိပ်ဖို့ကောင်းတယ်။ ဒီဇာတ်ကားရိုက်ဖို့ ချာလီဟာ သူပိုင်ပိုက်ဆံ ၁.၅ သန်းကို စိုက်ထုတ်တယ်။ ဂီတ၊ တည်းဖြတ်၊ ဇာတ်ညွှန်း၊ ကကွက်၊ ဒါရိုက်တာ သူကိုယ်တိုင်လုပ်တယ်။ ကံမကောင်းစွာပဲ ဇာတ်ကားရိုက်ရင်း ကြွေးမြီတင်တော့ ချာလီဟာ ဒေဝါလီခံလိုက်ရတယ်။ ဒါပေတဲ့ ချာလီဟာ ကမ္ဘာမြေကို သူပေးချင်တဲ့ message တွေအတွက် ဒီကားကို အောင်မြင်ပြီဆုံးအောင် ရိုက်ကူးနိုင်ခဲ့တယ်။ The Great Dictator ဟာ ချာလီ့ကို အဲ့ဒီခေတ်အဲ့ဒီအခါမှာ အကြီးကျယ်ဆုံး ရုပ်ရှင်ကြယ်တစ်ပွင့် ဖြစ်လာစေပါတယ်။


ဒီဇာတ်ကားကပေးတဲ့ message တွေကြောင့်ပဲ ကမ္ဘာတစ်ဝန်းက အစိုးရတွေ၊ အထူးသဖြင့် အမေရိကန်အစိုးရနဲ့ ချာလီဟာ ပြဿနာတွေ အပုံအပင်တက်တော့တာပဲ။ အစိုးရတွေက နိုင်ငံရေးကို ဘယ်လိုအသုံးချပြီး လူထုကို လှည့်စားနေသလည်းဆိုတာ ထဲထဲဝင်ဝင်လှောင်ပြောင်လိုက်တာကိုး။ ဟုတ်မဟုတ်တော့ မသိဘူး။ ကြားဖူးတာကတော့ ဟစ်တလာက ချာလီကို တွေ့ရာသချင်္ ိုင်း ဓါးမဆိုင်းအမိန့်ထုတ်ခဲ့သေးတယ်တဲ့။ ဂျူးဆံသဆရာဟာ အာဏာရှင်ကြီးနဲ့ အင်မတန်ရုပ်ချင်းဆင်တူလို့ အာဏာရှင်ကြီးနေရာ အစားဝင်ရတဲ့အခါ ငြိမ်းချမ်းရေးအတွက် အားထုတ်ပါတော့တယ်။ ရုပ်ရှင်သမားတစ်ယောက်ပြောတဲ့ နိုင်ငံရေးမိန့်ခွန်းကို ကြားဖူးပါရဲ့လား။ ချာလီဟာ သူ့အမြင်၊ သူပြောချင်သမျှကို ဇာတ်ကားထဲကနေ မိန့်ခွန်းအဖြစ် ပြောခဲ့ပါပြီ။ စစ်ရဲ့ ကြောက်မက်ဖွယ်ရာတွေ၊ လောဘနဲ့ ဒေါသကို လျော့လိုက်ရင် ဘဝဟာ သာယာလှပမှုအတိနဲ့ ပြည့်စုံလာမယ့်အကြောင်း။

( အဲ့ဒီ မိန့်ခွန်းအပြည့်အစုံကို မြန်မာလိုဖတ်ချင်ရင်ဖြင့် ခေါင်းစဉ်မဲ့စာမျက်နှာများ  မှာ ဖတ်နိုင်ပါတယ်။ )


လူသားတိုင်း လောဘ၊ဒေါသနဲ့ ကင်းရဲ့လား။ ကျနော်တို့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ရအောင်။ ကျနော်တို့ တစ်နေ့တစ်နေ့ လောဘ၊ဒေါသနဲ့ ကင်းစင်၍ နေထိုင်ဖူးရဲ့လား။ ၁၉၄၀ မှာ ဒီဇာတ်ကားကို ချာလီရိုက်ခဲ့တယ်။ လူတွေအတွက် ပြောင်မြောက်လှပတဲ့ မိန့်ခွန်းချွေခဲ့တယ်။ ဒါပေတဲ့ လူတွေကတော့ ပြောင်းလည်းမလာပါဘူး။ သိပ်မကြာခင်မှာပဲ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တယ်။ လူတွေအများကြီးသေကြ၊ ကြေကြ၊ ပျက်စီးဆုံးရှုံးကြ။ ပိုပြီး ၀မ်းနည်းစရာကောင်းတာက တန်ခိုးအာဏာကို ပိုပြီး ငမ်းငမ်းတက် လောဘတက်လာကြ။ လောဘတရားတွေ ပို၍ ကြီးထွားလာကြ။

( Popcorn ဘယ်ဖက် sidebar မှာ Join This Site ကို နှိပ်ပြီး Member ၀င်နိုင်ပါတယ်။ )   




Note


Director: Charles Chaplin